Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်တန်းနှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

“မုံရွာနဲ့ ချောင်းဦးကြားဆိုတာကတော့ ခင်မွန်ရွာနဲ့မုံရွေးရွာကြားမှာ တိုက်ခိုက်ခံရတာပါ။ တိုက်ခံရပြီးပြီးချင်းမောင်းပြေးတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမပေါ်တွင် ယမန်နေ့(အောက်တိုဘာ၂၇)ညက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား နှစ်ကြိမ်တိုင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ညပိုင်းက ရွှေဘိုမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် ၁၅စီးခန့်ပါသော စစ်ကောင်စီယာဥ်တန်းသည် စစ်ကိုင်းမြို့နယ် အုန်းတောရွာအလွန် နတ်ခရိုင်ရွာအဝင်ကတည်းက သေနတ်ပစ်ဖောက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေနတ်ပစ်ဖောက်ရင်း မောင်းနှင်နေသည့် စစ်ကောင်စီယာဥ်တန်းသည် ည ၉ နာရီဝန်းကျင်၌ မြင်းမူမြို့နယ် မြို့ရှောင်လမ်းအရောက်တွင် မိုင်း ၂လုံးဖောက်ခွဲခံလိုက်ရပြီး စစ်ကောင်စီကား ၂စီး ပျက်စီးခဲ့ကြောင်း၊ အဆိုပါမိုင်းခွဲမှုအား GTR MMUနှင့် MMU PDF တို့ပူးပေါင်း၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားများ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့များက အသိပေးသည်။

ဆက်လက်ထွက်ခွာခဲ့သည့် စစ်ကောင်စီယာဥ်တန်းသည် ည ၁၀ နာရီခန့်တွင် မုံရွာနှင့် ချောင်းဦးမြို့ကြားရှိ လမ်းတစ်နေရာ၌ မိုင်း ၇လုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကားတစ်စီး မိုင်းထိသွားခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုအား ပြုလုပ်ခဲ့သည့် Monywa Ranger Group နှင့် Chindwin attack Force ခရိုင်တပ်ရင်း (၂)တို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“မုံရွာနဲ့ ချောင်းဦးကြားဆိုတာကတော့ ခင်မွန်ရွာနဲ့မုံရွေးရွာကြားမှာ တိုက်ခိုက်ခံရတာပါ။ တိုက်ခံရပြီးပြီးချင်းမောင်းပြေးတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက် သေဆုံးမှုရှိ၊မရှိကိုမူမသိရသေးပေ။

ယမန်နေ့ နံနက်ပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် မြင်းမူနှင့် စစ်ကိုင်းနယ်များတွင် စစ်ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ခုခံကာကွယ်စစ်နှင့် တော်လှန်ရေးအရှိန် မြှင့်တင်တော့မည်ဖြစ်သောကြောင့် စစ်ကိုင်းတိုင်း မုံရွာ – မန္တလေး ကားလမ်းမကြီးပေါ်သို့ အရေးကြီး ကျန်းမာရေးကိစ္စရပ်များမှလွဲ၍ တက်နိုင်သမျှ အသုံးမပြုရန် မုံရွာအခြေစိုက်
ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးထားသည်။

(မုံရွာနှင့်ချောင်းဦးကြား စစ်ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခံရစဥ်၊ ဓာတ်ပုံ-MRG)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။