News စစ်အာဏာသိမ်းမှုကို ရပ်တန့်ဖို့နဲ့ ကျဆုံးသွားတဲ့မြန်မာပြည်သူတွေအတွက် တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ဖို့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာသံအမတ်ကြီးတိုက်တွန်း တရားမဝင် စစ်အာဏာသိမ်းမှုအောက်မှာ တရားရေးရာယန္တရားတွေနဲ့ အဖွဲ့အစည်း များ အားလုံးကို ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ဒီမိုကရေစီဆန်သော ဥပဒေပြုရေးလုပ်ငန်းစဉ်များ အားလုံးကိုလည်း အာဏာရှင်ရဲ့ စည်းမျဉ်းတွေနဲ့ အစားထိုးခံထားရပြီဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ရှင်းပြပါ တယ်။ LuduNwayOoအောက်တိုဘာ 9, 2021
News နှစ်ပေါင်း၂၀အတွင်းမတွေ့ကြုံဖူးတဲ့ ဆင်းရဲမွဲတေမှုကို မြန်မာပြည်သူတွေ ရင်ဆိုင်နေရတယ်လို့ ကုလထိပ်တန်းအရာရှိပြော ဒီအကြပ်အတည်းဟာ စစ်တပ်က နိုင်ငံရဲ့ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့လို့ လူထုပါဝင်တဲ့ပဋိပက္ခတိုးပွားလာခြင်းကြောင့်နဲ့ ကိုရိုနာဗိုင်းရပ်ကပ်ဘေးတတိယလှိုင်းကြောင့်ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် Andrew Kirkwood က ပြောပါတယ်။ LuduNwayOoအောက်တိုဘာ 1, 2021
News မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ ဒီမိုကရေစီကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ပြော ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို လေ့လာဖို့နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူ တွေနဲ့ တွေ့ဆုံဖို့ အမေရိကန်ကိုရောက်ရှိနေတဲ့ အထက်ပါကိုယ်စားလှယ်အဖွဲ့ဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ဒီနေ့တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာပါ။ LuduNwayOoစက်တင်ဘာ 29, 2021
News မြန်မာပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲတွေနဲ့အတူ ပြတ်သားစွာရပ်တည်တယ်လို့ ပြင်သစ်သံရုံးထုတ်ပြန် “ယနေ့သည် လူထု၏ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနှင့်လူမှုဖွံ့ဖြိုးတိုး တက်ရေးတို့ကို အာမခံသော ဒီမိုကရေစီ၏တန်ဖိုးများကို ပြင်သစ်နိုင်ငံကထောက်ခံကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်းပင်ဖြစ်ပါသည်”လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။ LuduNwayOoစက်တင်ဘာ 15, 2021
News အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ အမေရိကန်ထပ်ပြော အမေရိကန်ဟာ မြန်မာ့အရေးဖြေရှင်းဖို့ ဘက်ပေါင်းစုံကနေ အနီးကပ်လုပ်ဆောင်နေပြီး အာဆီယံ၊ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေအပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ သံတမန်ရေးနည်းလမ်းနဲ့ တိုးတက်မှုရှိအောင် ကြိုးပမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။ LuduNwayOoစက်တင်ဘာ 11, 2021
News မြန်မာ ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်ပွဲစတင်ကြောင်းကြေညာချက် ကမ္ဘာ့မီဒီယာတွေအသားပေးဖော်ပြ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၇ ရက်နံနက်မှာစစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်ဖို့ ပြည်သူတွေရဲ့ ခုခံတွန်းလှန်စစ်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့သတင်းကို ကမ္ဘာတစ်ဝန်းကသတင်းဌာနတွေက အသားပေးဖော်ပြခဲ့ကြပါတယ်။ LuduNwayOoစက်တင်ဘာ 8, 2021
News ရေကြီးမှုနဲ့ လေပြင်းဆိုင်ကလုန်းတွေကြောင့် မြန်မာပြည်သူ ၁ ဒသမ ၆ သန်းအထိ ဘေးအန္တရာယ်ခံစားရနိုင်တယ်လို့ ကုလသတိပေး မြန်မာ့မိုးလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေပြီး လာမယ့်အောက်တိုဘာမတိုင်ခင်အထိ ဆက်ရှိလိမ့်မယ်လို့ ဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 3, 2021
News မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးဆန္ဒပြတောင်းဆိုမှုကို ထောက်ခံအားပေးတယ်လို့ အမေရိကန်ထပ်မံပြောကြား အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးအတွက်ဆန္ဒပြတောင်းဆိုမှုကို ထောက်ခံအားပေးတယ်လို့ ထပ်လောင်း ပြောကြားပါတယ်။ LuduNwayOoဩဂုတ် 30, 2021
News ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီအရေးမှာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရှိနေမယ်လို့ အမေရိကန်ပြော ကျူးလွန်ခံရသူတွေကို အမေရိကန်က အမှတ်ရနေပြီး သူတို့အတွက် တရားမျှတမှုရှာဖွေရေး၊ ရက်စက်ယုတ်မာမှု တွေနဲ့ အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံနိုင်ရေး ထပ် လောင်း ကတိပြုတယ်လို့ဆိုပါတယ်။ LuduNwayOoဩဂုတ် 25, 2021
News မြန်မာပြည်သူတွေကို ကမ္ဘာကြီးနဲ့ နိုင်ငံတကာအသိုင်းအဝန်းကကူညီရမယ်လို့ အမေရိကန်ဒုသမ္မတပြော ဒီမိုကရေစီအရေးတောင်းဆိုနေတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာကြီးနဲ့ နိုင်ငံတကာအသိုင်းအဝန်းက ကူညီရမယ်လို့ အမေရိကန်ဒုတိယသမ္မတခါမလာဟာရစ်က ဒီနေ့တောင်းဆိုလိုက်ပါတယ်။ LuduNwayOoဩဂုတ် 23, 2021