Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာသိမ်းမှုကို ညီညွတ်စွာဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကြိုးပမ်းအားထုတ်မှုတို့ကို မြန်မာသံအမတ်ကြီး ချီးကျူးဂုဏ်ပြု

ဒါ့အပြင် စစ်တပ်ဆီကို ငွေကြေးစီးဆင်းမှုမရှိစေရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာကို စည်းရုံးလုပ်ဆောင်ဖို့၊ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူတွေဆီကို နယ်စပ်ကတစ်ဆင့် အပါအဝင် အကူအညီပေးအပ်နိုင်တဲ့နည်းလမ်းအားလုံးနဲ့ ကူညီပံ့ပိုးပေးဖို့လည်း တောင်းဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို တညီတညွတ်တည်းဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကြိုးပမ်းအား ထုတ်မှုတို့ကို ချီးကျူးဂုဏ်ပြုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကမ္ဘာတဝန်းဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့ IRI က ပေးအပ်ချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ်လွတ်လပ်ခွင့်ဆု(John McCain Freedom Award)လက်ခံရယူတဲ့အခမ်းအနားမှာ သံအမတ်ကြီးဦးကျော် မိုးထွန်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေဟာ တရားမျှတမှု၊ ဓမ္မအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ကြောင်းနဲ့ ဓမ္မသည်သာအောင်နိုင်မှာဖြစ်ကြောင်း ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနဲ့ ပြည်သူ များအားလုံး စည်းလုံးညီညွတ်စွာအတူတကွလက်တွဲဆောင်ရွက်ရမှာဖြစ်တယ်လို့ သံအမတ်ကြီး ပြောပါတယ်။

အဲဒီလိုကြိုးပမ်းဆောင်ရွက်ရာမှာ ဒီမိုကရေစီမိတ်ဆွေနိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ကူညီအားပေးမှုကို လို အပ်ပြီး နိုင်ငံရေး၊ သံတမန်ရေးနဲ့ ငွေကြေးအရ ဆက်လက်ကူညီအားပေးဖို့၊ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုအားပေးထောက်ခံဖို့ သံအမတ်ကြီးက တောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ဆီကို ငွေကြေးစီးဆင်းမှုမရှိစေရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာကို စည်းရုံးလုပ်ဆောင်ဖို့၊ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူတွေဆီကို နယ်စပ်ကတစ်ဆင့် အပါအဝင် အကူအညီပေးအပ်နိုင်တဲ့နည်းလမ်းအားလုံးနဲ့ ကူညီပံ့ပိုးပေးဖို့လည်း တောင်းဆိုပါတယ်။

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပမှာ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထပ်လောင်း ကတိပြုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

ဆောင်းပါး

လိုင်းကားတစ်စီးပြီး တစ်စီးရောက်လာသော်လည်း လိုက်ပါသူမရှိသူမရှိ၍ ယခင်က ခရီးသည်များအဆင်း အတတ်နှင့် ဆူညံနေသည့် မှတ်တိုင်လေးမှာ ယနေ့နံနက်တွင်တော့ တိတ်ဆိတ်နေသည်။

သတင်း

မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်သော်လည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးသည်။

သတင်း

(လုံခြုံရေးကောင်စီတွင် တံခါးပိတ်အစည်းအဝေး ကျင်းပခြင်းနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများအား ပြောကြားနေသော မြန်မာသံအမတ်ကြီး။ ဓာတ်ပုံ - Ministry of Foreign Affairs - Myanmar - NUG )