Connect with us

Hi, what are you looking for?

News

၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေ ဖော်ထုတ်ပြသခဲ့တဲ့ဆန္ဒကို မြန်မာစစ်တပ် လေးစားရမယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးပြော၊ စစ်အာဏာသိမ်းမှုကို ထပ်မံရှုတ်ချ

“နော်ဝေအနေနဲ့ မြန်မာပြည်သူလူထုနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးကို ကျင့်သုံးပိုင်ခွင့်၊ အစိုးရကို လွတ်လပ်မျှတစွာ ရွေးချယ်ပိုင်ခွင့် တို့ကို ဆက်လက် ထောက်ခံပံ့ပိုးလျှက်ရှိပါတယ်”လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

(စစ်တပ်အာဏာသိမ်းမှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြနေသော ပြည်သူများကို ဖေဖော်ဝါရီက တွေ့ရစဥ်)

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေ ဖော် ထုတ်ပြသခဲ့တဲ့ဆန္ဒကိုလေးစားရမှာဖြစ် ပြီး စစ်အာဏာ သိမ်းမှုကို ထပ်မံရှုတ်ချတယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ မြန်မာပြည်သူ လူထုဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းလိုတဲ့ ၎င်းတို့ရဲ့ ဆန္ဒသဘောထားကို ရှင်းလင်းစွာ ဖော်ထုတ်ပြသခဲ့တယ်လို့ နော်ဝေသံရုံးက ထုတ်ပြန်ပါတယ်။

“မြန်မာစစ်တပ်ခေါင်းဆောင်တွေ အနေနဲ့ သူ့ပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာရပါမယ်။ ကိုယ့်ပြည်သူလူထုအပေါ်မှာ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်ရမှာပါ။ ဒီမိုကရေစီ အခွင့်အရေးတွေကို ပြန်လည်ဖော်ဆောင်ပြီး တစ်ဖက် သတ် ဖမ်းဆီးထားသူအားလုံးကိုလည်း ပြန်လွှတ်ပေးရမှာပါ” လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ပြောပါတယ်။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမူဘောင်တွေကို လေးစားလိုက်နာခြင်းဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်တယ်လို့ နော်ဝေသံရုံးက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“နော်ဝေအနေနဲ့ မြန်မာပြည်သူလူထုနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးကို ကျင့်သုံးပိုင်ခွင့်၊ အစိုးရကို လွတ်လပ်မျှတစွာ ရွေးချယ်ပိုင်ခွင့် တို့ကို ဆက်လက် ထောက်ခံပံ့ပိုးလျှက်ရှိပါတယ်”လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့် NLD ပါတီ ၈၂ ရာခိုင်နှုန်းကျော်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုအများစု ရဲ့သဘောထားဆန္ဒကို ကိုယ်စားပြုကြောင်း လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့အစည်းတွေက အသိအမှတ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက လည်း ရွေးကောက်ပွဲတစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။