Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ ဒီမိုကရေစီကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ပြော

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို လေ့လာဖို့နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူ တွေနဲ့ တွေ့ဆုံဖို့ အမေရိကန်ကိုရောက်ရှိနေတဲ့ အထက်ပါကိုယ်စားလှယ်အဖွဲ့ဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ဒီနေ့တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာပါ။

မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ ဒီမိုကရေစီကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ နယူးယောက်မြို့ကိုရောက်ရှိနေတဲ့ တောင်ကိုရီးယားဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးစီးတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြောကြားလိုက်ပါတယ်။

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို လေ့လာဖို့နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူ တွေနဲ့ တွေ့ဆုံဖို့ အမေရိကန်ကိုရောက်ရှိနေတဲ့ အထက်ပါကိုယ်စားလှယ်အဖွဲ့ဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ဒီနေ့တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာပါ။

တောင်ကိုရီးယားအစိုးရနဲ့ အနိုင်ရပါတီ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဆုန်ယောင်ဂီးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကူညီသွားမယ်လို့ ပြောဆိုထားပြီး မြန်မာပြည်သူတွေရဲ့ခံစားချက်နဲ့ နာကျင်မှုတွေကို ကိုယ်ချင်းစာကြောင်း ထုတ် ဖော်ပြောဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ရဲစွမ်းသတ္တိကိုလည်း တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က ချီးကျူးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဆုန်ယောင်ဂီးဟာ လာမယ့်အစိုးရသက်တမ်းမှာ တောင်ကိုရီး ယားရဲ့ သမ္မတဖြစ်လာမယ်လို့ ထင်ကြေးပေးခံရသူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

နိုင်ငံတကာ

လီယောင်ဆိုဟာ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် တက်ကြွ လှုံ့ဆော်သူ တဦးဖြစ်ပြီး သူက မြောက်ကိုရီးယားကို တခမ်းတနား ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ ကဗျာကို ၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဝါဒဖြန့် ဖော်ပြခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဟာ မြောက်ကိုရီးယားထက် ဂြိုဟ်တု နည်းပညာပိုင်းမှာ ဆယ်စုနှစ်တွေနဲ့ချီ ရှေ့ရောက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်ပါ။

နိုင်ငံတကာ

အမျိုးသားဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ပိမိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။