Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲတွေနဲ့အတူ ပြတ်သားစွာရပ်တည်တယ်လို့ ပြင်သစ်သံရုံးထုတ်ပြန်

“ယနေ့သည် လူထု၏ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနှင့်လူမှုဖွံ့ဖြိုးတိုး တက်ရေးတို့ကို အာမခံသော ဒီမိုကရေစီ၏တန်ဖိုးများကို ပြင်သစ်နိုင်ငံကထောက်ခံကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်းပင်ဖြစ်ပါသည်”လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးရန်တန်းစီနေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒမဲတွေနဲ့အတူ ပြတ်သားစွာရပ်တည်တယ် လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ပြင်သစ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလုပ်ငန်းတွေ ပြန် လည်ထူထောင်ရေးကိုလည်းတောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

“ယနေ့သည် လူထု၏ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနှင့်လူမှုဖွံ့ဖြိုးတိုး တက်ရေးတို့ကို အာမခံသော ဒီမိုကရေစီ၏တန်ဖိုးများကို ပြင်သစ်နိုင်ငံကထောက်ခံကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်းပင်ဖြစ်ပါသည်”လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နဲ့ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူရွေးချယ်တင်မြှောက်ခံ လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေ အနေနဲ့ အာဏာသိမ်း စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေ စီစနစ်ပြန်လည်ထွန်းကားရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးရန်တန်းစီနေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိပြီး အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ် အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှုအလျဉ်းမရှိကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားသည်။