Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲတွေနဲ့အတူ ပြတ်သားစွာရပ်တည်တယ်လို့ ပြင်သစ်သံရုံးထုတ်ပြန်

“ယနေ့သည် လူထု၏ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနှင့်လူမှုဖွံ့ဖြိုးတိုး တက်ရေးတို့ကို အာမခံသော ဒီမိုကရေစီ၏တန်ဖိုးများကို ပြင်သစ်နိုင်ငံကထောက်ခံကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်းပင်ဖြစ်ပါသည်”လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးရန်တန်းစီနေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒမဲတွေနဲ့အတူ ပြတ်သားစွာရပ်တည်တယ် လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ပြင်သစ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလုပ်ငန်းတွေ ပြန် လည်ထူထောင်ရေးကိုလည်းတောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

“ယနေ့သည် လူထု၏ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနှင့်လူမှုဖွံ့ဖြိုးတိုး တက်ရေးတို့ကို အာမခံသော ဒီမိုကရေစီ၏တန်ဖိုးများကို ပြင်သစ်နိုင်ငံကထောက်ခံကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်းပင်ဖြစ်ပါသည်”လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နဲ့ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူရွေးချယ်တင်မြှောက်ခံ လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေ အနေနဲ့ အာဏာသိမ်း စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေ စီစနစ်ပြန်လည်ထွန်းကားရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးရန်တန်းစီနေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

ဆက်စပ်သတင်းများ

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သတင်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီရဲ့​ရွေး​ကောက်ပွဲအ​ပေါ်အမေရိကန် အနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ပြောကြား