Connect with us

Hi, what are you looking for?

LuduNwayOo

News

နှစ်ပေါင်း၂၀အတွင်းမတွေ့ကြုံဖူးတဲ့ ဆင်းရဲမွဲတေမှုကို မြန်မာပြည်သူတွေ ရင်ဆိုင်နေရတယ်လို့ ကုလထိပ်တန်းအရာရှိပြော

ဒီအကြပ်အတည်းဟာ စစ်တပ်က နိုင်ငံရဲ့ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့လို့ လူထုပါဝင်တဲ့ပဋိပက္ခတိုးပွားလာခြင်းကြောင့်နဲ့ ကိုရိုနာဗိုင်းရပ်ကပ်ဘေးတတိယလှိုင်းကြောင့်ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် Andrew Kirkwood က ပြောပါတယ်။

မြန်မာပြည်သူလူထုဟာ အနည်းဆုံးနှစ်ပေါင်း ၂၀ အတွင်းမတွေ့ကြုံဖူးတဲ့ ဆင်းရဲမွဲတေမှု ရေချိန်နဲ့ ကြီး မားတဲ့အကြပ်အတည်းမှာ နေထိုင်နေရတယ်လို့ ကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ထိပ်တန်းအရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှု အကြီးအကဲ Andrew Kirkwood ဟာ ကုလသမဂ္ဂသတင်းထောက်တွေကို အွန်လိုင်းသတင်းစာရှင်းလင်း ပွဲ(Virtual briefing)ကနေ ပြောဆိုခဲ့ တာဖြစ်ပြီး နိုင်ငံအတွင်း အကူအညီလိုအပ်တဲ့ပြည်သူဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက်ပိုင်း ၃ ဆ တိုးလာကာ လူဦးရေ ၃ သန်းအထိရှိလာတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူ သန်း ၂၀ဟာ ဆင်းရဲမွဲတေနေကြပြီး ဒီအရေအတွက် လူဦးရေစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဖြစ်ပါတယ်။

ဒီအကြပ်အတည်းဟာ စစ်တပ်က နိုင်ငံရဲ့ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့လို့ လူထုပါဝင်တဲ့ပဋိပက္ခတိုးပွားလာခြင်းကြောင့်နဲ့ ကိုရိုနာဗိုင်းရပ်ကပ်ဘေးတတိယလှိုင်းကြောင့်ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် Andrew Kirkwood က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သက်ရောက်မှုကြီးကြီးမားမားပဲ ဒီမှာက အကြပ်အတည်းဖြစ်နေပါပြီ။ အခြားသောအကြပ်အတည်းတွေထက် ပိုမိုကြီးမားတဲ့ အကြပ်အတည်းပဲဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂကတောင်းဆိုထားတဲ့ ရန်ပုံငွေထက်လျော့နည်းစွာရရှိနေတာကလည်း အခြားသောအရေးပါတဲ့အကြောင်းအချက်ဖြစ်တယ်လို့လည်း Kirkwood က ဆိုပါတယ်။

“ဒီနှစ်မှာ အဲဒီလူဦးရေ ၃ သန်းကို အကူအညီပေးဖို့ ဒေါ်လာ ၃၈၅ သန်း ကျွန်တော်တို့တောင်း ဆိုထားပါတယ်။ ဒီနေ့အထိ ကျွန်တော်တို့ သုံးပုံတစ်ပုံပဲရရှိပါသေးတယ်။ ဆိုလိုတာက ကျွန်တော် တို့ ရန်ပုံငွေကွာဟချက်က အကြမ်းဖျဉ်း သန်း ၂၅၀ လောက်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့အကူအညီကို လိုအပ်နေသူတိုင်းဆီကို ရရှိဖို့ မဖြစ်နိုင်ပါဘူး”လို့ သူက ဆက်ပြောပါတယ်။

ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုဆိုင်ရာနဲ့ COVID-19 တုံ့ပြန်ရေးကြိုးပမ်းမှုတွေကို နိုင်ငံရေး မပါဘဲ ပဋိပက္ခဖြေရှင်းရေး အဖွဲ့အစည်းအားလုံးကို Andrew Kirkwood တောင်းဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။