Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှုကို ရပ်တန့်ဖို့နဲ့ ကျဆုံးသွားတဲ့မြန်မာပြည်သူတွေအတွက် တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ဖို့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာသံအမတ်ကြီးတိုက်တွန်း

တရားမဝင် စစ်အာဏာသိမ်းမှုအောက်မှာ တရားရေးရာယန္တရားတွေနဲ့ အဖွဲ့အစည်း များ အားလုံးကို ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ဒီမိုကရေစီဆန်သော ဥပဒေပြုရေးလုပ်ငန်းစဉ်များ အားလုံးကိုလည်း အာဏာရှင်ရဲ့ စည်းမျဉ်းတွေနဲ့ အစားထိုးခံထားရပြီဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ရှင်းပြပါ တယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုကို ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် တရားမဝင် စစ်အာဏာသိမ်းမှုကို ရပ်တန့်ခြင်းနဲ့ သူတို့ရဲ့လုပ်ရပ်တွေကြောင့် ဆုံးရှုံးသွားတဲ့ ပြည်သူ့ အသက်ပေါင်းများစွာအတွက် တာဝန်ခံမှုရှိစေရေးတို့နဲ့ စတင်ဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က တိုက်တွန်းပါတယ်။

ကျင်းပနေဆဲ ကုလသမဂ္ဂအထွေထွေညီလာခံ ဆဌမကော်မတီရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာသံအမတ်ကြီးက တိုက်တွန်းခဲ့တာဖြစ်ပြီး တရားဝင် ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဥပဒေမဲ့စွာ အာဏာရယူခြင်း ထက်ပို၍ တရားဥပဒေ စိုးမိုးရေးကိုအကြွင်းမဲ့ လျစ်လျူရှုတဲ့ လုပ်ရပ်မရှိတော့ဘူးလို့ အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ ပင်မရည်ရွယ်ချက်က ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့၊ တရားမျှတမှုနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို ဦးစားပေး မြှင့်တင်ဖို့ ဖြစ်တာကြောင့် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချ ရာမှာ တိကျပြတ်သားသင့်တယ်လို့ မြန်မာသံအမတ်ကြီးက အကြံပြုပါတယ်။

တရားမဝင် စစ်အာဏာသိမ်းမှုအောက်မှာ တရားရေးရာယန္တရားတွေနဲ့ အဖွဲ့အစည်း များ အားလုံးကို ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ဒီမိုကရေစီဆန်သော ဥပဒေပြုရေးလုပ်ငန်းစဉ်များ အားလုံးကိုလည်း အာဏာရှင်ရဲ့ စည်းမျဉ်းတွေနဲ့ အစားထိုးခံထားရပြီဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ရှင်းပြပါ တယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီရဲ့ တရားခွင်တွေမှာလည်း အရပ်သားပြည်သူတွေရဲ့ အမှုကိစ္စတွေကို အပေါ်ယံမျှသာ စစ်ဆေးပြီး ပြစ်မှုတစ်ခုချင်းစီကို သေဒဏ် ကဲ့သို့သော အပြင်းထန်ဆုံး စီရင် ဆုံးဖြတ်ချက်များ ချမှတ်နေတယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

အဲဒီလို တရားဥပဒေစိုးမိုးရေးကို ချိုးဖောက်မှုနဲ့ လေးစားလိုက်နာဖို့ ပျက်ကွက်မှုတွေ ဖြစ်ပေါ် ရတဲ့ အဓိကရင်းမြစ်ကြောင်းခံမှာ လက်ရှိ ရှုံးနိမ့်နေသော အာဏာသိမ်းမှုကို ကျူးလွန်ထားတဲ့ တရားခံတွေအပေါ် အရေးယူဒဏ်ခတ်မှုမရှိခြင်း အလေ့အထကြောင့်ပင်ဖြစ်တယ်လို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။