သတင်း
သြဂုတ် ၁ ရက် ညနေ ၅ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ဇီးတောပျူစောထီးရွာရှိ ပျူစောထီးစခန်းသို့ မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးထားသည်။
Hi, what are you looking for?
သြဂုတ် ၁ ရက် ညနေ ၅ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ဇီးတောပျူစောထီးရွာရှိ ပျူစောထီးစခန်းသို့ မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးထားသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရဲစခန်းနှင့် စခန်းအနီးရှိ ရွှေစည်းခုံဘုရားတောင်ပေါ်မှ လက်နက်ငယ်များဖြင့် ဆက်တိုက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း KLG PDF ရဲဘော်က ပြောသည်။
စစ်ကောင်စီတပ်က တွန်းဇံမြို့ခံများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်များက ပြောသည်။
အဆိုပါစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း၊ Bomb God Local PDF၊ မြို့မတိုက်နယ်ပကဖ(မြောင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ပလိပ်ရဲစခန်းရှေ့၌ ဆိုင်ကယ်စီးနင်းသူများအနေဖြင့် တွန်းသွားရပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ ဖြတ်သန်းခွင့်ပြုကြောင်း မြို့ခံများက ပြောသည်။
ယနေ့(ဇူလိုင် ၂၉ ရက်)က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားရဲစခန်းအား ဒရုန်း သုံးစီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရှိမ်းမကားတိုက်နယ်တာဝန်ခံက ပြောသည်။
စစ်ဆင်ရေးနှစ်ခုလုံးကို Salingyi Special Task Force - SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF၊ TTA(ရွှေဘို)၊ Royal Eagle (ပုလဲ)တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
တိုက်ခိုက်ချိန် မိနစ် ၄၀ခန့် ကြာခဲ့ပြီး စခန်းတွင်းရှိ စစ်အုပ်စုဝင် တစ်ဦးသေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း DRPA၏ တာဝန်ရှိသူက ဆိုသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ ဝက်လက်မြို့အဝင်အထွက်ကို လုံခြုံရေးတင်းကြပ်ထားပြီး တိုက်ခိုက်ခံရမှုကြောင့် ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေများကို သတင်းဖုံးထားကြောင့် စုံစမ်းသိရသည်။
ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းသည် ကပ်လျက်တည်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။