Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူမြို့ရှိ ရဲစခန်းနှင့် အမြောက်တပ်အား ဓနုတပ် သွားရောက်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် အမြောက်တပ်(အမတ − ၃၄၉)အား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - DPLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် အမြောက်တပ်(အမတ − ၃၄၉)အား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၄ရက်တွင် ကျောက်ဂူရဲစခန်းနှင့် ကျောက်ဂူအမြောက်တပ်(အမတ-၃၄၉)နှင့် ဇန်နဝါရီ ၅ရက်တွင် တောင်ထိပ်ရွာနှင့် အင်တောမြို့ကြားရှိ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

“စစ်ကောင်စီတွေထိခိုက်မှုကတော့ရှိတယ်။ အသေးစိတ်ကတော့ ကျနော်လည်း မသိရသေးဘူးဗျ။ စစ်ကောင်စီတွေနေတဲ့ ရဲစခန်းနဲ့ တပ်ကို သွားတိုက်ခဲ့တာပါ။ ကျောက်ဂူမှာတော့ စကစတွေအများစုနေတာက ရဲစခန်းနဲ့ အမြောက်တပ်မှာပဲနေကြတာ။ တောင်းခမ်းကိုသွားတဲ့လမ်းဘက်မှာလည်း ဖြန့်ထားတာတော့ ရှိတယ်”ဟု DPLA ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု DPLA က ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း ဒရုန်း(၁)စီး သိမ်းပိုက်ရခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုနေထိုင်ရာကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ ခဲကြားရွာနှင့် ဖက်ရင်းကုန်းရွာအား လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အဆောက်အဦးပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း DPLAက ထုတ်ပြန်သည်။

ဒီဇင်ဘာလအတွင်းကလည်း အမြောက်တပ် အမတ (၃၄၉)အနီး DPLAနှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ နိုဝင်ဘာလကုန်မှ ဒီဇင်ဘာအတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၅၀ ဦးကျော် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်းလည်း DPLAက အသိပေးထားသည်။

DPLAသည် ကျောက်ဂူဒေသတွင် စစ်ကောင်စီ နယ်မြေခံတပ်များဖြစ်သည့် အမတ (၃၄၉)၊ နောင်၀ိုးတပ် ခလရ(၂၉၂)နှင့် တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်နေသော နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာသို့ စစ်ကူသွားသည့် စစ်ကောင်စီတပ်များကိုလည်း ဖြတ်တောက် တိုက်ခိုက်နေသည်။ တောင်းခမ်းတွင် DPLAနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။