Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ စုပေါင်းရုံးနှင့် ရဲစခန်းကြားရှိ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရ

ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်စစ်ရေးတင်းမာနေစဉ်ယနေ့(စက်တင်ဘာ ၉ရက်)နေ့လယ်ပိုင်းက မှော်ဝမ်းရပ်ကွက်ရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ−၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်စစ်ရေးတင်းမာနေစဉ်ယနေ့(စက်တင်ဘာ ၉ရက်)နေ့လယ်ပိုင်းက မှော်ဝမ်းရပ်ကွက်ရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်စွဲထားသည့် စုပေါင်းရုံးနှင့် ရဲစခန်းကြားရှိ ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံရခြင်းဖြစ်သည်။

“ဆိုင်ထဲကိုဝင်လာတဲ့လူနှစ်ယောက်ကသေနတ်ထုတ်ပြီး ဘယ်သူမှဝင်မနှောက်ယှက်ဖို့ခြိမ်းခြောက်တယ်။ပြီးတော့ရွှေတွေယူသွားတယ်။ ပတ်ဝန်း ကျင်ကသိပေမယ့်တယောက်မှ ဝင်မကပ်ရဲဘူးဖြစ်တာ”ဟု မှော်ဝမ်းရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်သွားသူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ဟု ဒေသခံအချို့က ယူဆနေကြသည်။

” အဲဒီရွှေဆိုင်က ရဲစခန်းနဲ့ စုပေါင်းရုံးကြားမှာရှိတာလေ။ နောက်ပြီးတော့ ဓားပြတိုက်တဲ့ပုံစံကအေးအေးဆေးဆေး။ စစ်သားတွေလို့ထင်လို့လည်းဘယ်သူမှမကပ်ရဲတာ”ဟု ဒေသခံတဦးကပြောသည်။

ဖားကန့်မြို့နယ်တွင် လက်တလော တိုက်ပွဲပြင်းထန်နေပြီ ယနေ့ နေ့လယ် ၂နာရီခန့်တွင် ဆန်းကြယ်ရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်ကလည်း အဆိုပါလေယာဉ်အား ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်အချို့က ပြောသည်။

ကချင်ပြည်နယ်တွင် ယမန်နေ့ကလည်း မြစ်ကြီးနားမြို့ပေါ်မှ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။