Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၁ရက်) မွန်းလွဲပိုင်း ၂နာရီခွဲတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

၂၀၂၄ အောက်တိုဘာ ၁၉ရက်က နောင်ချိုမြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၁ရက်) မွန်းလွဲပိုင်း ၂နာရီခွဲတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

လေယဉ်ပစ်သံနဲ့တင် နှလုံရောဂါသည်တွေ သေလောက်တယ်။ လူကြီးသူမ‌‌တွေအတွက် စိုးရိမ်စရာဖြစ်တယ်”ဟု လက်ရှိတွင် နောင်ချိုမြို့၌ရှိနေသူတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုများနှင့် ပျက်စီးမှုများအား မသိရသေးပေ။

ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး လေကြောင်းအန္တရာယ်သတိပြုကြရန် မြို့ခံအချင်းချင်း သတိပေးနေကြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် အမြောက်တပ်များရှိရာ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်ကို TNLAက ထိန်းချုပ်ထားသည်။

တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီလက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းတော်လှန်သွားမည်ဟု (၆၂)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အထိမ်းအမှတ်နေ့တွင် TNLAက ထုတ်ပြန်ထားသည်။

TNLAနှင့် မဟာမိတ်ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကို အတူတူဖော်ဆောင်ခဲ့သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကမူ တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်ထားသည်။

သို့သော် ညီနောင်မဟာမိတ်များ၏ အခက်အခဲ၊ အတားအဆီးများကို ဝိုင်းဝန်းဖြေရှင်းမည်ဖြစ်ကြောင်း MNDAAနှင့် အာရက္ခတပ်တော်(AA)က တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။

ထို့အပြင် ၂၀၂၄ နိုဝင်ဘာ ၂၄ရက်ကလည်း နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် တစ်ပါးပျံလွန်တော်မူပြီး ဒေသခံပြည်သူ နှစ်ဦး ထိမှန်ဒဏ်ရာခဲ့သည်ဟု TNLAက နိုတင်ဘာ ၂၆ရက်တွင် ထုတ်ပြန်သည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၄ နိုဝင်ဘာ ၁ရက်မှ ၂၅ရက်အထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၁၈ဦး သေဆုံးပြီး ၃၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

(၂၀၂၄ အောက်တိုဘာ ၁၉ရက်က နောင်ချိုမြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ – TNLA)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။