Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ် ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNU နဲ့ ပူးပေါင်းတပ်သိမ်းယူ

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွှေကျင်မြို့နယ်ထဲကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNU/KNLA တပ်မဟာ (၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဧပြီလ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဓာတ်ပုံ - Blut Poe ၊ Google Earth

ဧပြီ-၂၄၊၂၀၂၅။ နိုင်ပကောင်း၊​ကျော်​ဇော/People’s Spring

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွှေကျင်မြို့နယ်ထဲကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNU/KNLA တပ်မဟာ (၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဧပြီလ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ကနဦးသတင်းအရ စခန်းကို သိမ်းလိုက်နိုင်တယ်လို့ သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရသိရပေမယ့် အသေးစိတ်အချက်အလက်တွေတော့မရသေးပါဘူး။

ကွမ်းဆိပ်ရွာမှာစစ်ကောင်စီတပ်ရဲ့တောင်ငူအခြေစိုက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ် (၅၉၈)ခြေမြန်တပ်ရင်း (ခမရ ၅၉၈)လည်းရှိသလို ရွာရဲ့ မြောက်ဘက် ၆ မိုင်ခွဲခန့် အကွာ စစ်တောင်းမြစ်ဘေးက ဒုံဇရစ်ရွာမှာလည်းအမှတ် ( ၅၈၉ )ခြေမြန်တပ်ရင်း (ခမရ ၅၈၉)လည်းရှိနေပါတယ်။

Public Service Announcement

Public Service Announcement

“ခမရ-၅၉၈ တပ်အနီးက စခန်း(ရဲစခန်း)ကိုသိမ်းတာ၊ တပ်ကိုမသိမ်းရသေးဘူး၊ကွမ်းဆိပ်တပ်စခန်းကသပ်သပ် ၊ရဲစခန်းက သပ်သပ်”လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဒေသခံသတင်းရင်းတစ်ဦးကလည်း “(ရဲစခန်း) သိမ်းလိုက်ပြီ၊ရွာထဲမှာလူတွေမရှိတော့ဘူး ပြေးကုန်ကြပြီ” လို့ ဒီနေ့ ဧပြီ ၂၄ ရက်မှာပြောပါတယ်။

ကွင်းဆိပ်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ လေတပ်က လေကြောင်းကနေ လာရောက်တိုက်ခိုက်လို့ ကွင်းဆိပ်ရွာအပါအဝင် အနီးဝန်းကျင် စစ်တောင်းမြစ်တလျောက်ရှိ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။

စခန်းသိမ်းပြီးနောက် ဧပြီ ၂၃ ရက် ညနက်ပိုင်း ၁၁ နာရီခန့်မှာ ကွမ်းဆိပ်ရွာနဲ့ သိပ်မဝေးတဲ့ ရှမ်းစုရွာ အနီးစစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

နယ်မြေရဲစခန်း သိမ်းတိုက်ပွဲ သတင်းနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့ဘက်က ဒီနေ့ ညနေပိုင်းအထိ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။

ကွမ်းဆိပ်စခန်းအပါအဝင်ခမရ-၅၉၈နဲ့ခမရ- ၅၈၉ တပ်ရင်း​တွေဟာ KNU တပ်မဟာ (၃)ရဲ့ စစ်ရေးနယ်မြေအတွင်းတည်ရှိပြီး​တော့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLAတပ်ရင်း (၇) ထိန်းချုပ်နယ်မြေနဲ့ဆက်စပ်တည်ရှိ​နေတဲ့ တပ်စခန်း​တွေ ဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook