Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ် ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNU နဲ့ ပူးပေါင်းတပ်သိမ်းယူ

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွှေကျင်မြို့နယ်ထဲကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNU/KNLA တပ်မဟာ (၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဧပြီလ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဓာတ်ပုံ - Blut Poe ၊ Google Earth

ဧပြီ-၂၄၊၂၀၂၅။ နိုင်ပကောင်း၊​ကျော်​ဇော/People’s Spring

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွှေကျင်မြို့နယ်ထဲကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNU/KNLA တပ်မဟာ (၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဧပြီလ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ကနဦးသတင်းအရ စခန်းကို သိမ်းလိုက်နိုင်တယ်လို့ သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရသိရပေမယ့် အသေးစိတ်အချက်အလက်တွေတော့မရသေးပါဘူး။

ကွမ်းဆိပ်ရွာမှာစစ်ကောင်စီတပ်ရဲ့တောင်ငူအခြေစိုက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ် (၅၉၈)ခြေမြန်တပ်ရင်း (ခမရ ၅၉၈)လည်းရှိသလို ရွာရဲ့ မြောက်ဘက် ၆ မိုင်ခွဲခန့် အကွာ စစ်တောင်းမြစ်ဘေးက ဒုံဇရစ်ရွာမှာလည်းအမှတ် ( ၅၈၉ )ခြေမြန်တပ်ရင်း (ခမရ ၅၈၉)လည်းရှိနေပါတယ်။

Public Service Announcement

Public Service Announcement

“ခမရ-၅၉၈ တပ်အနီးက စခန်း(ရဲစခန်း)ကိုသိမ်းတာ၊ တပ်ကိုမသိမ်းရသေးဘူး၊ကွမ်းဆိပ်တပ်စခန်းကသပ်သပ် ၊ရဲစခန်းက သပ်သပ်”လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဒေသခံသတင်းရင်းတစ်ဦးကလည်း “(ရဲစခန်း) သိမ်းလိုက်ပြီ၊ရွာထဲမှာလူတွေမရှိတော့ဘူး ပြေးကုန်ကြပြီ” လို့ ဒီနေ့ ဧပြီ ၂၄ ရက်မှာပြောပါတယ်။

ကွင်းဆိပ်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ လေတပ်က လေကြောင်းကနေ လာရောက်တိုက်ခိုက်လို့ ကွင်းဆိပ်ရွာအပါအဝင် အနီးဝန်းကျင် စစ်တောင်းမြစ်တလျောက်ရှိ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။

စခန်းသိမ်းပြီးနောက် ဧပြီ ၂၃ ရက် ညနက်ပိုင်း ၁၁ နာရီခန့်မှာ ကွမ်းဆိပ်ရွာနဲ့ သိပ်မဝေးတဲ့ ရှမ်းစုရွာ အနီးစစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

နယ်မြေရဲစခန်း သိမ်းတိုက်ပွဲ သတင်းနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့ဘက်က ဒီနေ့ ညနေပိုင်းအထိ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။

ကွမ်းဆိပ်စခန်းအပါအဝင်ခမရ-၅၉၈နဲ့ခမရ- ၅၈၉ တပ်ရင်း​တွေဟာ KNU တပ်မဟာ (၃)ရဲ့ စစ်ရေးနယ်မြေအတွင်းတည်ရှိပြီး​တော့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLAတပ်ရင်း (၇) ထိန်းချုပ်နယ်မြေနဲ့ဆက်စပ်တည်ရှိ​နေတဲ့ တပ်စခန်း​တွေ ဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၁,၇၀၀ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

Facebook