Connect with us

Hi, what are you looking for?

သတင်း

စခန်းသိမ်းခံရမှာ​စိုးရိမ်း​နေတဲ့စစ်​ကောင်စီက ရှိမ်းမကားရဲစခန်း​အနီးက​တောအုပ်ထဲ​လေ​ကြောင်းတိုက်ခိုက်

ရှိမ်းမကားကျေးရွာကသမိုင်းဝင်ဘေးမဲ့တောနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းရှိပြီး ကျေးရွာစျေးကတော့ မီးရှို့ဖျက်ဆီးခံထားရသလို ဒေသခံတွေ​ရှောင်တိမ်းနေရတာလည်း တနှစ်ကျော်ရှိနေပြီလို့သိရပါတယ်။

(ရှိမ်းမကားရွာဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရှိမ်းမကားရွာဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရှိန်း/People’s Spring

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့(PDF)တွေရှိတယ်ဆိုပြီးစစ်ကောင်စီတပ်သားတွေကြောက်လန့် လေယာဥ်ခေါ် ဗုံးကြဲခိုင်းတာ​ကြောင့် ရှိမ်းမကားရဲစခန်းအနီးကလူမနေနဲ့ တောအုပ်ထဲကိုဇန်နဝါရီ ၁ ရက်​နေ့က စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတယ်လို့ဒေသခံတွေက​ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကရှိမ်းမကားကျေးရွာရဲစခန်းကို PDFတွေက ည​ပိုင်း​တွေမှာလက်နက်ချဖို့ နဲ့ စခန်းသိမ်းမယ့်အကြောင်းမကြာခဏလာအော်တာကြောင့် အဲဒီစခန်းကရဲနဲ့စစ်သားတွေက လေယာဥ်ပစ်ကူခေါ်ခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ရင်းနှီးသူတွေဆီကသိရပါတယ်။

ဇန်နဝါရီလ၁ရက်နေ့ ညနေ၄နာရီ နဲ့ ၅နာရီဝန်းကျင်တို့မှာ ရှိမ်းမကားရွာရဲ့အနောက်ဘက်က စခန်းကုန်း နဲ့ ဖိုကုန်းရပ်ကွက်​တွေ ကို မနေ့စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူအထိအခိုက်လည်းမရှိဘူး။ဘာမှမရှိဘူး။တိုက်ပွဲလည်းမရှိဘဲနဲ့ အလွတ်တန်းကြီးလာပစ်သွားတာ “လို့ ဝက်လက် information Networkက ကိုနဂါးလေးကပြောပါတယ်။

ဒါ့အပြင် ည၇နာရီကျော်မှာလည်း Y-12နဲ့ ရှိမ်းမကားရဲစခန်းထဲကို လက်နက်ရိက္ခာတွေလာချသွားတယ်လို့ စုံစမ်းသိရပါတယ်။

ရှိမ်းမကားရဲစခန်းဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ဧရာဝတီမြစ်ကြောင်းတလျှောက်စစ်ကောင်စီထိုင်ထားနိုင်တဲ့တခုထဲကျန်တဲ့နယ်မြေရဲစခန်းဖြစ်ပါတယ်။အဲဒီစခန်းကို တော်လှန်ရေးတပ်တွေမကြာခဏတိုက်ခိုက်တာကြောင့်လေယာဥ်ပစ်ကူအမြဲပေးနေတဲ့စခန်းလည်းဖြစ်ပါတယ်။

ရှိမ်းမကားကျေးရွာကသမိုင်းဝင်ဘေးမဲ့တောနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းရှိပြီး ကျေးရွာစျေးကတော့ မီးရှို့ဖျက်ဆီးခံထားရသလို ဒေသခံတွေ​ရှောင်တိမ်းနေရတာလည်း တနှစ်ကျော်ရှိနေပြီလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ကို စစ်ကောင်စီက ယမန်နေ့နံနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်နေပြီး ဒီကနေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုမှာ လက်ဖက်ရည်ဆိုင်ပေါ် ဗုံးကျခဲ့လို့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ပြည်သူ ၁၀ဦးကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီသည် နောင်ချိုမြို့အား နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်ခြင်းဖြစ်