Connect with us

Hi, what are you looking for?

သတင်း

စခန်းသိမ်းခံရမှာ​စိုးရိမ်း​နေတဲ့စစ်​ကောင်စီက ရှိမ်းမကားရဲစခန်း​အနီးက​တောအုပ်ထဲ​လေ​ကြောင်းတိုက်ခိုက်

ရှိမ်းမကားကျေးရွာကသမိုင်းဝင်ဘေးမဲ့တောနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းရှိပြီး ကျေးရွာစျေးကတော့ မီးရှို့ဖျက်ဆီးခံထားရသလို ဒေသခံတွေ​ရှောင်တိမ်းနေရတာလည်း တနှစ်ကျော်ရှိနေပြီလို့သိရပါတယ်။

(ရှိမ်းမကားရွာဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရှိမ်းမကားရွာဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရှိန်း/People’s Spring

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့(PDF)တွေရှိတယ်ဆိုပြီးစစ်ကောင်စီတပ်သားတွေကြောက်လန့် လေယာဥ်ခေါ် ဗုံးကြဲခိုင်းတာ​ကြောင့် ရှိမ်းမကားရဲစခန်းအနီးကလူမနေနဲ့ တောအုပ်ထဲကိုဇန်နဝါရီ ၁ ရက်​နေ့က စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတယ်လို့ဒေသခံတွေက​ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကရှိမ်းမကားကျေးရွာရဲစခန်းကို PDFတွေက ည​ပိုင်း​တွေမှာလက်နက်ချဖို့ နဲ့ စခန်းသိမ်းမယ့်အကြောင်းမကြာခဏလာအော်တာကြောင့် အဲဒီစခန်းကရဲနဲ့စစ်သားတွေက လေယာဥ်ပစ်ကူခေါ်ခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ရင်းနှီးသူတွေဆီကသိရပါတယ်။

ဇန်နဝါရီလ၁ရက်နေ့ ညနေ၄နာရီ နဲ့ ၅နာရီဝန်းကျင်တို့မှာ ရှိမ်းမကားရွာရဲ့အနောက်ဘက်က စခန်းကုန်း နဲ့ ဖိုကုန်းရပ်ကွက်​တွေ ကို မနေ့စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူအထိအခိုက်လည်းမရှိဘူး။ဘာမှမရှိဘူး။တိုက်ပွဲလည်းမရှိဘဲနဲ့ အလွတ်တန်းကြီးလာပစ်သွားတာ “လို့ ဝက်လက် information Networkက ကိုနဂါးလေးကပြောပါတယ်။

ဒါ့အပြင် ည၇နာရီကျော်မှာလည်း Y-12နဲ့ ရှိမ်းမကားရဲစခန်းထဲကို လက်နက်ရိက္ခာတွေလာချသွားတယ်လို့ စုံစမ်းသိရပါတယ်။

ရှိမ်းမကားရဲစခန်းဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ဧရာဝတီမြစ်ကြောင်းတလျှောက်စစ်ကောင်စီထိုင်ထားနိုင်တဲ့တခုထဲကျန်တဲ့နယ်မြေရဲစခန်းဖြစ်ပါတယ်။အဲဒီစခန်းကို တော်လှန်ရေးတပ်တွေမကြာခဏတိုက်ခိုက်တာကြောင့်လေယာဥ်ပစ်ကူအမြဲပေးနေတဲ့စခန်းလည်းဖြစ်ပါတယ်။

ရှိမ်းမကားကျေးရွာကသမိုင်းဝင်ဘေးမဲ့တောနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းရှိပြီး ကျေးရွာစျေးကတော့ မီးရှို့ဖျက်ဆီးခံထားရသလို ဒေသခံတွေ​ရှောင်တိမ်းနေရတာလည်း တနှစ်ကျော်ရှိနေပြီလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။