Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်က ရဲစခန်းတစ်ခုကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေ တိုက်ခိုက်

မန္တလေးတိုင်း၊ငါးဇွန်မြို့နယ်၊မင်းနေကုန်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်ကအထိခိုက်အကျဆုံးများခဲ့တယ်လို့ မြင်းခြံနဂါးနီပျောက်ကြားတပ်ဖွဲ့ ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောပါတယ်။

မင်း​နေကုန်း ရဲစခန်းတိုက်ပွဲတွင် PDF တဦးတိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ- မြင်းခြံနဂါးနီပျောက်ကြားတပ်ဖွဲ့ ရုပ်သံ Screenshot

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မင်းနေကုန်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်ကအထိခိုက်အကျဆုံးများခဲ့တယ်လို့ မြင်းခြံနဂါးနီပျောက်ကြားတပ်ဖွဲ့ ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောပါတယ်။

ဇန်နဝါရီလ၂ရက်နေ့က၊မြို့သာ-နဘူးအိုင်-မြင်းခြံလမ်းပေါ်က မင်းနေကုန်းကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်တွေကမနက် ၆နာရီကနေ ၁၀နာရီလောက်အထိ ၄နာရီခန့်အကြာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ရန်သူ့အတွင်းစည်းအထိတော့ဝင်နိုင်ခဲ့တယ်။အထိအခိုက်ကလည်းတော်တော်များတယ်။စခန်းကလည်းထူတယ်။လေကြောင်းပစ်ကူနဲ့ မြေပြင်စစ်ကူတွေလာတာမို့ ကျွန်တော်တို့​နောက်ပြန်ဆုတ်ခဲ့ရတယ်”လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အဲဒီစခန်းမှာ စစ်ကောင်စီတပ်ကအင်အား ၄၀လောက်တပ်စွဲထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“​​ေး(စစ်သား)တွေကတော့တော်တော်ကျတယ်။ကျွန်တော်တို့စခန်းသိမ်းခါနီးပေါ့။​လေကြောင်းပစ်ကူနဲ့တပ်ကူလာတာမို့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတာ”လို့ ပြောရေးဆိုခွင့်ရှိသူကဆက်ပြောပါတယ်။

တိုက်ပွဲမှာစစ်​ကောင်စီတပ်ဘက်က ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို People’s Spring ကအတည်မပြုနိုင်​သေးပါဘူး။

ဒီစခန်းတိုက်ခံရပြီးတဲ့နောက်စစ်ကားအများအပြားအဲဒီရဲစခန်းကိုရောက်လာပေမယ့် ပြန်လည်ဆုတ်ခွာသွားပြီလို့လည်းသိရပါတယ်။

၂၀၂၄ ခုနှစ်စက်တင်ဘာလ ၁ ရက်နေ့ကလည်း မြင်းခြံမြို့နယ်အတွင်းနဖူးအိုင် နဲ့ မြို့သာကြားမှာ မီးကြိုးပြင်ဖို့ လုံခြုံရေးလာပေးတဲ့ မင်းနေကုန်းရဲစခန်းမှာနေတဲ့စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာစစ်သား ၃ ဦးသေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။