သတင်း ကော်ဘရာစစ်ကြောင်းကို အတွဲလိုက်ဒုံးနှင့် လက်နက်ကြီးများ၊ တိုက်လေယာဉ်များသုံးပြီး စစ်အင်အားများစွာဖြင့် စစ်ကောင်စီတပ် ထိုးစစ်ဆင် မနက် ၁၀နာရီတွင် တိုက်လေယာဉ် ငါးစီး၊ မွန်းလွဲ ၃နာရီတွင် တိုက်လေယာဉ် ၂စီးတို့ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများအား ကလက်စတာ ဗုံးများ၊ ပေါင် (၅၀၀) ဗုံးများအမြောက်အမြား သုံး၍ ဗုံးကြဲတိုက်ခိုက်လာသည်ဟု ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 23, 2022
သတင်း တန့်ဆည် ဖလံချိုင်ရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူလေးဦး ဒဏ်ရာရ ဒဏ်ရာရသူများအား လူနာတင်ကားခေါ်ကာကျေးရွာအစီအစဉ်ဖြင့် မန္တလေးမြို့သို့ ပို့ဆောင်ရန်စီစဉ်ထားသော်လည်း ယနေ့နံနက်ပိုင်းအထိ ကားငှား၍မရသောကြောင့် အခက်ခဲဖြစ်နေကြောင်း နယ်ခံများက ပြောသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း ကန့်ဘလူ ကိုးတောင်ဘို့တွင်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးကြီးနှစ်ဦးသေဆုံး ဒေါ်ခင်မာဝင်းနှင့် ဒေါ်ခင်မြင့်တို့သည် ဆွေးမျိုးများဖြစ်ပြီးလက်နက်ကြီးကျရာအိမ်၏မြောက်ဘက် အိမ်ဘေးခုံတန်းလျားအောက်တွင် ပုန်းခိုနေရင်း လက်နက်ကြီးကျည်စများထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 20, 2022
သတင်း တမူးမြို့တွင် စစ်ကောင်စီက လူနေရပ်ကွက်အတွင်းလက်နက်ကြီးဖြင့်၍ ကိုရင်လေးတစ်ပါး ကျည်ထိမှန် တမူးမြို့ စစ်တပ်ကုန်းမှ ပစ်သော လက်နက်ကြီးကျည်သည် အာရှလမ်းမကြီး ဘေး၊ (၅) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဩဂုတ် 16, 2022
သတင်း မြိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အဘိုးအဘွား လင်မယားနှစ်ဦးသေဆုံး မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာအများအပြားလည်း တိမ်းရှောင် ထွက်ပြေးနေရသည်။ LuduNwayOoဩဂုတ် 14, 2022
သတင်း ကျောက်ကြီးမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး လက်နက်ကြီးထိမှန်သွားခဲ့တဲ့ ဒေသခံအမျိုးသမီးလူနာကိုတော့ ကညင်ကျိုးဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် နေ့လည်(၁၂)နာရီအချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoဩဂုတ် 12, 2022
သတင်း ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခံရသည့် မူးကြီးကမ်းရွာဝင်ရောက်ရှင်းလင်းပါက အဝေးမှ လက်နက်ကြီးဖြင့်ပစ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက် ကျေးရွာအတွင်း ဝင်ရောက်သူများကို PDFဟု သတ်မှတ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပျူစောထီးအချို့ထံမှတစ်ဆင့် ခြိမ်းခြောက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဩဂုတ် 11, 2022
သတင်း စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ပစ်လို့အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ ဩဂုတ်(၇)ရက် မနက်(၆)နာရီခွဲအချိန်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒိုးဒါးတာစုံကနေ လိန်ပင်ကျေးရွာထဲကို လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုမှာ လိန်ပင်ကျေးရွာက အသက်(၂၁)အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာကပါ။ LuduNwayOoဩဂုတ် 8, 2022
သတင်း ဝက်လက်နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ဘေးရှိရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ် မြစ်အနောက်ဘက်ကမ်း ဝက်လက်မြို့နယ်ရှိ ငါးပါတ်ချောင်း၊ကမ်းဖြူနှင့် အင်ဒေါင်း စသည့် ကျေးရွာများကို လှည့်ပတ်မွှေနှောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း တပ်ထောက်ခံပွဲပြုလုပ်ရန် ပြင်ဆင်နေသောစစ်ကောင်စီတပ်ကိုပြောက်ကျားအဖွဲ့ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် မြိုင်သည် စစ်ကောင်စီတပ်အပေါ်ခုခံတော်လှန်မှုအားကောင်းသောဒေသဖြစ်သည်။ စစ်ကောင်စီကဒေသခံ ပြည်သူများအလာမခံဘဲ ၎င်းတို့အမာခံလူတစ်ချို့ဖြင့်လုံခြုံရေး မြှင့်၍ ဟန်ပြတပ်ထောက်ခံပွဲများကို ဒေသအနှံတွင် ပြုလုပ်ခဲ့သည်။ LuduNwayOoဩဂုတ် 4, 2022