Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ကြောင်းကို အတွဲလိုက်ဒုံးနှင့် လက်နက်ကြီးများ၊ တိုက်လေယာဉ်များသုံးပြီး စစ်အင်အားများစွာဖြင့် စစ်ကောင်စီတပ် ထိုးစစ်ဆင်

မနက် ၁၀နာရီတွင် တိုက်လေယာဉ် ငါးစီး၊ မွန်းလွဲ ၃နာရီတွင် တိုက်လေယာဉ် ၂စီးတို့ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများအား ကလက်စတာ ဗုံးများ၊ ပေါင် (၅၀၀) ဗုံးများအမြောက်အမြား သုံး၍ ဗုံးကြဲတိုက်ခိုက်လာသည်ဟု ဖော်ပြထားသည်။

(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

ယနေ့ တိုက်ပွဲ ကော်ဘရာစစ်သည် တစ်ဦးကျဆုံး၊ လေးဦး ဒဏ်ရာရပြီး စစ်ကောင်စီတပ်ကလည်း သေဆုံးမှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်းရှိ ကော်ဘရာ စစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ ပစ်ခတ်ပြီး တိုက်ခိုက်ရေး တပ်ရင်းများစွာဖြင့် ထိုးစစ်ဆင်လာ၍ ယနေ့ တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၂၃)ရက်နေ့ မနက် (၉) နာရီခန့်မှစတင်၍ စစ်ကောင်စီတပ်သည် တပ်မ(၄၄) လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ (၁)တို့သည် လည်းကောင်း၊ လေ့ကေ့ကော်ဒေသရှိ ခမရ (၁၁၈)၊ ခမရ(၂) တို့သည် စစ်ကူ အဖြစ် လည်းကောင်း လက်ရုံးတပ်များဖြစ်သည့် အမြှောက်တပ်ရင်း၊ ဒုံးတပ်ရင်းများ၏ (၆၀)မမ၊ (၈၁) မမ၊ (၁၂၂)မမ ဟောက်ဝစ်ဇာအမြှောက်များ၊ (၈၄)မမ ‌နှင့် MLRS အတွဲလိုက်ပစ် ဒုံးများဖြင့် တရစပ်၊ အပြင်းအထန် ပစ်ခတ်ကာ ထိုးစစ်ဆင်လာသည်ဟုဆိုသည်။

(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ – Cobra Column)

ထို့ပြင် မနက် ၁၀နာရီတွင် တိုက်လေယာဉ် ငါးစီး၊ မွန်းလွဲ ၃နာရီတွင် တိုက်လေယာဉ် ၂စီးတို့ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများအား ကလက်စတာ ဗုံးများ၊ ပေါင် (၅၀၀) ဗုံးများအမြောက်အမြား သုံး၍ ဗုံးကြဲတိုက်ခိုက်လာသည်ဟု ဖော်ပြထားသည်။

ညနေ ၄နာရီအထိ တိုက်ပွဲဖြစ်ခဲ့ပြီး ကော်ဘရာစစ်သည်တော် တစ်ဦး စစ်အာဏာရှင်စနစ် ပြုတ်ကျရေး နှင့် ပြည်သူ့လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်ဟု ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ကော်ဘရာ စစ်သည်တော် သုံးဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ – Cobra Column)

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အရေအတွက် အတိ အကျကို စစ်‌မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်သည်။

အဆိုပါဒေသတွင် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်မှာ ၂လကျော်ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူများ သုံးပြီး တိုက်ခိုက်လျက်ရှိသော်လည်း အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။