Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ပစ်လို့အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ဩဂုတ်(၇)ရက် မနက်(၆)နာရီခွဲအချိန်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒိုးဒါးတာစုံကနေ လိန်ပင်ကျေးရွာထဲကို လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုမှာ လိန်ပင်ကျေးရွာက အသက်(၂၁)အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာကပါ။

စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ပစ်လို့အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ပစ်လို့အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး) မြို့နယ်ထဲမှာဖြစ်ပွားခဲ့တာပါ။

ဩဂုတ်(၇)ရက် မနက်(၆)နာရီခွဲအချိန်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒိုးဒါးတာစုံကနေ လိန်ပင်ကျေးရွာထဲကို လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုမှာ လိန်ပင်ကျေးရွာက အသက်(၂၁)အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာကပါ။

အဲ့ဒီနေ့မနက်(၅)နာရီအချိန်ကလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉)တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရှိရပဲ KNLA ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ကေအဲန်ယူကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့မေလကစပြီး ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုနေထိုင်တဲ့နေရာနဲ့ လုပ်ကိုင်စားသောက်တဲ့နေရာကို လက်နက်ကြီး၊လက်နက်ငယ်ပေါင်းစုံနဲ့ နေ့စဉ်ရက်ဆက်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူလူထုဦးရေ (၁၆၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook