Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ဘေးရှိရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

မြစ်အနောက်ဘက်ကမ်း ဝက်လက်မြို့နယ်ရှိ ငါးပါတ်ချောင်း၊ကမ်းဖြူနှင့် အင်ဒေါင်း စသည့် ကျေးရွာများကို လှည့်ပတ်မွှေနှောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သည်။

(အင်ဒေါင်းကျေးရွာတွင် လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ဗိုလ်မြေသြဇာ)
(အင်ဒေါင်းကျေးရွာတွင် လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ဗိုလ်မြေသြဇာ)

‌‌ဒေသခံပြည်သူ သုံးဦး လက်နက်ကြီးထိမှန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံပြည်သူ သုံးဦး ထိမှန်ကာ ဒဏ်ရာရရှိထား ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ်၅ရက်) နံနက်ပိုင်းက အင်အား ၁၀၀ခန့်ပါသော အကြမ်းဖက် စစ်ကောင်စီတပ်သည် စဥ်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာဘက်မှ ဧရာဝတီမြစ် အတိုင်း မော်တော်ကြီးတစ်စီး၊ စက်လှေအသေးသုံးစီးဖြင့် စုန်ဆင်းလာခဲ့သည်။

မြစ်အနောက်ဘက်ကမ်း ဝက်လက်မြို့နယ်ရှိ ငါးပါတ်ချောင်း၊ကမ်းဖြူနှင့် အင်ဒေါင်း စသည့် ကျေးရွာများကို လှည့်ပတ်မွှေနှောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သည်။

ထိုသို့ပစ်ခတ်မှုကြောင့် အင်ဒေါင်းကျေးရွာက ဒေသခံပြည်သူ သုံးဦး လက်နက်ကြီးထိမှန်ခဲ့ကာ မစိုးရိမ်ရကြောင်း ဝက်လက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ကျားကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုလက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သည် စဥ့်ကူးမြို့နယ်၊ ကြက်တူရွှေး ကျေးရွာ ဘက်သို့ရောက်ရှိကာ တပ်စွဲထားကြောင်း၊ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ သတိပြုနေထိုင်ကြရန် ဗိုလ်ကျားကြီးက အသိပေးသည်။

Public Service Announcement
Public Service Announcement

ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ အမှတ် (၃) ရိုင်ချင်းဆက်လမ်းမကြီးအား သွားလာခြင်းမပြုကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အနောက်ခြမ်းတွင်လည်း ယမန်နေ့ညနေပိုင်းက Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် စစ်သားများချထားခဲ့ပြီး မူးကမ်းလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်း တပ်စွဲထားသည်။ ယင်းကျေးရွာရှိ ပြည်သူများကို ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook