Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

လက်နက်ကြီးထိမှန်သွားခဲ့တဲ့ ဒေသခံအမျိုးသမီးလူနာကိုတော့ ကညင်ကျိုးဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် နေ့လည်(၁၂)နာရီအချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျောက်ကြီးမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
ကျောက်ကြီးမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကေအဲန်ယူလက်အောက်ခံတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး) မြို့နယ်ထဲက ကျေးရွာတွေအပေါ်မှာ ဩဂုတ်(၁၀)ရက်နေ့ မနက်လေးနာရီကစပြီး ဒီကနေ့အချိန်ထိ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးလက်နက်ငယ်ပေါင်းစုံနဲ့ ပစ်ခတ်ခဲ့လို့ ထိုးဝါးစိုက်ကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦးရဲ့နေအိမ်ကိုထိမှန်ခဲ့ကာ အိမ်ရှင်ဖြစ်သူ အသက်(၅၂)နှစ်အရွယ်အမျိုးသမီးတစ်ဦး ထိမှန်သွားခဲ့တာပါ။

လက်နက်ကြီးထိမှန်သွားခဲ့တဲ့ ဒေသခံအမျိုးသမီးလူနာကိုတော့ ကညင်ကျိုးဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် နေ့လည်(၁၂)နာရီအချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒိုးဒါးတာစုံကနေ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ပြည်သူလူထုနေထိုင်ရာနေရာနဲ့ လုပ်ကိုင်စားသောက်ရာနေရာတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီလိုပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူထုရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ထိမှန်သေဆုံးသွားခဲ့သေးတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၃ တပ်ရင်း(၉)တို့အကြား ပြီးခဲ့တဲ့ဩဂုတ်(၇)ရက်နေ့ မနက်(၅)နာရီအချိန်က ထိပ်တိုက်တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

အဲ့ဒီနောက် မနက်(၆)နာရီခွဲမှာတော့ စစ်ကောင်စီတပ်ဟာ ဒိုးဒါးတာစုံကနေ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုမှာတော့ လိန်ပင်ကျေးရွာက ဒေသံအမျိုးသမီးတစ်ဦးကို ထိမှန်သွားခဲ့တယ်လို့ ကေအဲန်ယူကပြောပါတယ်။

ဩဂုတ်(၇)ရက်နေ့ ညနေလေးနာရီအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ ဒိုးဒါးတာစုံကနေ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျောက်စရစ်ကျေးရွာကိုဖြတ်ကူးလာပြီး ဒီလိုဖြတ်ကူးလာစဉ် ညနေ(၄)နာရီ မိနစ်(၂၀)အချိန်မှာတော့ လိန်ပင်နဲ့ ပဲသောင်ကျေးရွာကြားမှာ KNLA တပ်မဟာ ၃ နဲ့ ထိပ်တိုက်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တာပါ။

အဆိုပါတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ဒါ့အပြင် ဩဂုတ်(၈)ရက်နေ့ မနက်(၈)နာရီအချိန်မှာ ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် (၂၄)ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကာ မနက်(၁၀)နာရီကျော်အချိန်မှာတော့ စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ ငါးကြိမ်ခန့် လာရောက်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီလိုလာရောက်ပစ်ခတ်တိုက်ခိုက်တဲ့ လေယာဉ်နှစ်စီးကို KNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း(၉)နဲ့ KNDO တပ်ရင်း(၃)တို့က ပြန်လည်ပစ်ခတ်ခဲ့လို့ လေယာဉ်တစ်စီးထိမှန်ခဲ့ပြီး စက်ချို့ယွင်းသွားခဲ့ကာ ကညင်ကျိုးကျေးရွာက စာသင်ကျောင်းမှာ ဆင်းသက်ခဲ့ရတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ကေအဲန်ယူလက်အောက်ခံတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲသုံးကြိမ်စလုံးနဲ့ လေယာဉ်ပစ်ခတ်တဲ့ငါးကြိမ်မှာ စစ်ကောင်စီဘက်က စုစုပေါင်း(၃၇)ဦးသေဆုံးပြီး (၁၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကေအဲန်ယူဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။