သတင်း မြောင်တွင် အာဇာနည်နေ့ အခမ်းအနားပြုလုပ်နေစဥ် လက်နက်ကြီး ဖြင့်ပစ်ခတ် ခဲ့၍ ဒေသတွင်း PDFများက စစ်ကောင်စီ၏ ရဲစခန်းကို ဒရုန်းဖြင့်ပြန်လည် တိုက်ခိုက် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) ဗိုလ်ကျားသစ်၏ နေအိမ်၊ နွားစာတိုက်နှင့် မီးဖိုဆောင်တို့ကို မီးရှို့သွားခဲ့သည်။ LuduNwayOoဇူလိုင် 21, 2022
သတင်း ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်းများ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့် အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိနေကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDFတိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူများကြောင့် နေအိမ်အချို့မီးလောင် ထို့ကြောင့် မြို့အတွင်းရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန်နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်လည်း သတိပေးသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူများအား လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဗျူဟာမှူးအပါအဝင် နှစ်ဦးသေဟုဆို စစ်ကောင်စီတပ်နှင့် ပျူများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် CLDFက ရဲဘော်တစ်ဦးနှင့် တော်လှန်ရေးညီနောင် အင်အားစုဖြစ်သည့် မြောင်မြို့နယ် တော်လှန်ရေးတပ် - Myaung Revolution Army က ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CLDFက အသိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ရွှေဘိုခရိုင်အခြေစိုက် Tiger King ပြောက်ကျားတပ်ဖွဲ့ တိုက်ပွဲဝင်လက်နက်ကြီးများတိုးမြှင့် ထုတ်လုပ် သေနတ်အစစ်မရှိသေးသည့်အတွက်ကြောင့် လက်နက် ကြီးများကိုသာ အားထားတိုက်ပွဲဝင်နေရကြောင်း၊ ပွဲတိုင်းကျော် လက်နက်ကြီးများကို ယခင်ထက် ပိုမိုထုတ် လုပ်လျက်ရှိကြောင်း Tiger King ပြောက်ကျားတပ်ဖွဲ့ကအသိပေးသည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း မြောင်တွင်တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်၍အသက် ၂၀အရွယ်အမျိုးသမီးတစ်ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်သာမက ဒီပဲယင်းနှင့်ရေဦးမြို့နယ်များတွင်လည်း အကြမ်းဖက်စစ်တပ်က လေယာဥ်များ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ LuduNwayOoဇူလိုင် 17, 2022
သတင်း ဆောအခြေစိုက် The Youth Force -Saw&Kyaukhtuအဖွဲ့မှ ရဲဘော်နှစ်ဦး လက်လုပ်လက်နက်ကြီး စမ်းသပ်ထုတ်လုပ်ရင်း ထိခိုက်ဒဏ်ရာရ ယမန်နေ့ (ဇူလိုင်၁၅ရက်)က The Youth Force -Saw&Kyaukhtuအဖွဲ့၏ အားထားရသော ရဲဘော်နှစ်ဦးမှာ လက်လုပ်လက်နက်ကြီးစမ်းသပ် ထုတ်လုပ်ရင်း မတော်တဆထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ပုလဲမြို့ရှိ စစ်ကောင်စီ စုပေါင်းရုံးအား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် "စစ်ကောင်စီရှာနေတဲ့ တပ်ပေါင်းစုဆိုတာ ကျေးရွာတွေမှာ ရှိတာမဟုတ်ဘူး။ မြို့ပေါ်မှာ ခင်ဗျားတို့ အနီးနားမှာရှိတယ်ဆိုတာ သိစေလိုပါတယ်။"ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း စစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ဘဲ စိုင်နိုင်လေရွာကိုလက်နက်ကြီးဖြင့်ပစ်၍ ပြည်သူ ၁ဦးသေ၊၆ ဦးဒဏ်ရာရ "သက်သက်လက်နက်ကြီးနဲ့ပစ်သွားတာပါဗျာ။ဆုံးတဲ့ရွာသားကို မနေ့ကတခါတည်း သင်္ဂြိုလ်လိုက်ပါတယ်။ ကျန်တဲ့ထိထားတဲ့ ၆ယောက်ထဲကလည်း စိုးရိမ်ရသူ နှစ်ယောက်ပါပါသေးတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 11, 2022
သတင်း မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လူနေအိမ်များအတွင်း လက်နက်ကြီးများတပ်ဆင်ပြီး အရပ်သားများကို လူသားတံတိုင်းပြုလုပ်ထားဟု ဒေသခံများပြော မိုးမိတ်ဒေသတွင် တိုက်ပွဲများပြင်းထန်လာနိုင်သည့် အခြေအနေကြောင့် မြို့ခံအချို့မှာ အခြားဒေသများသို့ သွားရောက်တိမ်းရှောင်နေကြသည်ဟု သိရသည်။ နေအိမ်များအတွင်း ဗုံးခိုကျင်းများလည်း တူးထားကြသည်ဟုလည်း ဒေသခံများက ပြောသည်။ LuduNwayOoဇူလိုင် 11, 2022