Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူ​များအား လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဗျူဟာမှူးအပါအဝင် နှစ်ဦးသေဟုဆို

စစ်​ကောင်စီတပ်နှင့် ပျူများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် CLDFက ရဲဘော်တစ်ဦးနှင့် တော်လှန်ရေးညီနောင် အင်အားစုဖြစ်သည့် မြောင်မြို့နယ် တော်လှန်ရေးတပ် – Myaung Revolution Army က ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CLDFက အသိပေးထားသည်။

(အသုံးပြုတိုက်ခိုက်ခဲ့သည့် (၆၀) မမ လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CLDF)
(အသုံးပြုတိုက်ခိုက်ခဲ့သည့် (၆၀) မမ လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CLDF)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူ​စောထီးများအား လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် နှစ်ဦးသေဆုံးကြောင်း Chaung U Local Defence Force(CLDF)က ထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင်၁၆ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြောင်မြို့နယ်၊ တမဆေးကန် အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၆၃ဦးပါ စစ်​ကောင်စီတပ်နှင့် ပျူများပါ ပူးပေါင်းစစ်ကြောင်းကို မြောင်မြို့နယ်တော်လှန်ရေးတပ် – Myaung Revolution Army၊ CDSOM (မြောင်) တို့နှင့်အတူ လက်လုပ် (၆၀)မမ လက်နက်ကြီးများဖြင့် ၁၃ချက်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် Chaung U Local Defence Force (CLDF)က ထုတ်ပြန်သည်။

CLDF မှ စစ်သည်တော်များနှင့် တော်လှန်ရေးညီနောင် အင်အားစုတို့၏ လက်ချက်ကြောင့် အကြမ်းဖက်စစ်ကြောင်းပါ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦး သေဆုံးပြီး အကြမ်းဖက်စစ်သားနှင့်ပျူ ​လေးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြေပြင်ရဲဘော်များ၏ သတင်းပေးပို့ချက်အရ သိရကြောင်း Chaung U Local Defence Force (CLDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(အသုံးပြုတိုက်ခိုက်ခဲ့သည့် (၆၀) မမ လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CLDF)
(အသုံးပြုတိုက်ခိုက်ခဲ့သည့် (၆၀) မမ လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ – CLDF)

စစ်​ကောင်စီတပ်နှင့် ပျူများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် CLDFက ရဲဘော်တစ်ဦးနှင့် တော်လှန်ရေးညီနောင် အင်အားစုဖြစ်သည့် မြောင်မြို့နယ် တော်လှန်ရေးတပ် – Myaung Revolution Army က ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CLDFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Chaung U Local Defence Force (CLDF)၏ တာဝန်ရှိသူက “အခုစစ်ကြောင်းက ချောင်းဦးနဲ့ မြောင်ကို ကူးချည်သန်းချည် သွားလာနေတဲ့ စစ်ကြောင်းပါ။ တလောလေးက ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးရွာကို ရောက်လာပြီး၊ အဲ့ကမှတဆင့် မြောင်မြို့နယ်ဘက်က ကျေးရွာတွေကို ထိုးနေတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ ၁၆ ရက်နေ့မနက်ပိုင်းမှာတော့ ကျွန်တော်တို့ CLDF က စစ်ကြောင်းတစ်ခုနဲ့ ထိတွေ့မှု ဖြစ်ခဲ့တာပါ။ တမဆေးကန်ကျေးရွာကို ​ွေးစစ်ကြောင်း ရောက်ရှိချိန်မှာ ကျွန်တော်တို့ CLDF မှ ရဲဘော်တွေနဲ့ တော်လှန်ရေးညီနောင်အင်အားစုတွေက လက်လုပ် ၆၀ မမ နဲ့ နှစ်ချက် စတင်ပစ်ခတ်ခဲ့ပါတယ်။”ဟု ပြောသည်။

(အသုံးပြုတိုက်ခိုက်ခဲ့သည့် (၆၀) မမ လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CLDF)
(အသုံးပြုတိုက်ခိုက်ခဲ့သည့် (၆၀) မမ လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ – CLDF)

CLDFအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ အမိမြေပေါ်က စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့အတွက် ရှိသည့်အားဖြင့် တိုက်ပွဲဝင်ခဲ့ကြောင်း၊ ဆက်လက်ပြီးတော့လည်း တိုက်ပွဲဝင်နေပြီပြည်သူလူထုကလည်း တော်လှန်ရေးမှာ နိုင်ရာတာဝန်ကနေ ဆက်လက်ပြီးထမ်းဆောင်ပေးကြရန် မေတ္တာရပ်ခံသည်။

ယနေ့ (ဇူလိုင်လ ၁၇ရက်) နံနက်ပိုင်းက မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှဆင်းလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဆယ်ရွာကျေးရွာပေါ်သို့ လက်နက်ကြီးကျပြီး အသက် ၂၀ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အမျိုးသမီးတစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook