Connect with us

Hi, what are you looking for?

သတင်း

ဆောအခြေစိုက် The Youth Force -Saw&Kyaukhtuအဖွဲ့မှ ရဲဘော်နှစ်ဦး လက်လုပ်လက်နက်ကြီး စမ်းသပ်ထုတ်လုပ်ရင်း ထိခိုက်ဒဏ်ရာရ

ယမန်နေ့ (ဇူလိုင်၁၅ရက်)က The Youth Force -Saw&Kyaukhtuအဖွဲ့၏ အားထားရသော ရဲဘော်နှစ်ဦးမှာ လက်လုပ်လက်နက်ကြီးစမ်းသပ် ထုတ်လုပ်ရင်း မတော်တဆထိခိုက်ဒဏ်ရာ ရရှိခဲ့​ခြင်းဖြစ်ကြောင်း ၎င်း၏အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ဒဏ်ရာရရဲဘော်အား ထမ်းစင်ဖြင့် သယ်ဆောင်လာစဥ်။ဓာတ်ပုံ- The Youth Force -Saw&Kyaukhtu)
(ဒဏ်ရာရရဲဘော်အား ထမ်းစင်ဖြင့် သယ်ဆောင်လာစဥ်။ဓာတ်ပုံ- The Youth Force -Saw&Kyaukhtu)

မကွေးတိုင်း၊ ဆောမြို့နယ်အခြေစိုက် The Youth Force -Saw&Kyaukhtu အဖွဲ့မှ ရဲဘော်နှစ်ဦးသည် လက်လုပ်လက်နက်ကြီးစမ်းသပ်ထုတ်လုပ်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအဖွဲ့က အသိပေး ထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင်၁၅ရက်)က The Youth Force -Saw&Kyaukhtuအဖွဲ့၏ အားထားရသော ရဲဘော်နှစ်ဦးမှာ လက်လုပ်လက်နက်ကြီးစမ်းသပ် ထုတ်လုပ်ရင်း မတော်တဆထိခိုက်ဒဏ်ရာ ရရှိခဲ့​ခြင်းဖြစ်ကြောင်း ၎င်း၏အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ခေတ်မီလက်နက်များ မရှိ၍ အန္တရာယ်များမှန်းသိ​သော်လည်း လက်လုပ် လက်နက်များကို စမ်းသပ်ထုတ်လုပ် အသုံးပြုနေရတာဖြစ်ပါတယ်။”ဟု The Youth Force -Saw&Kyaukhtu အဖွဲ့က အသိပေးသည်။

ဒဏ်ရာရရဲဘော်နှစ်ဦးအနက် တစ်ဦးကို ကျန်တပ်ဖွဲ့ဝင်များက တောတောင်နှင့် မြစ်ချောင်းများ ဖြတ်ကာ ထမ်းစင်ဖြင့်ခက်ခက်ခဲခဲသယ်ပိုးပြီး ဆေးကုသမှု ရရှိမည့်နေရာဆီသို့ ပို့ဆောင်ပေး ခဲ့သည်ကို ၎င်းတို့ထုတ်ပြန်သည့် ဓာတ်ပုံများတွင် တွေ့ရသည်။

Public Service Announcement

Public Service Announcement

(ဒဏ်ရာရရဲဘော်အား ထမ်းစင်ဖြင့် သယ်ဆောင်လာစဥ်။ဓာတ်ပုံ- The Youth Force -Saw&Kyaukhtu)
(ဒဏ်ရာရရဲဘော်အား ထမ်းစင်ဖြင့် သယ်ဆောင်လာစဥ်။ဓာတ်ပုံ- The Youth Force -Saw&Kyaukhtu)

ဒဏ်ရာရရဲဘော်နှစ်ဦး၏ အခြေအနေနှင့်ပတ်သက်၍ The Youth Force -Saw&Kyaukhtu အဖွဲ့တာဝန်ရှိသူက”အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူးဗျ။ ပစ်တဲ့တစ်ယောက်ကတော့ ပါးရိုးနားရယ်ခေါင်းရယ် လက်ရယ်ထိသွားတာ ပေါ့နော် နောက်ကဗွီဒိယိုရိုက်တဲ့ ရဲဘော်တစ်ယောက်ကတော့ ခြေထောက်ကို ထိတာ ခြေမကျိုးသွားတယ်။”ဟု ပြောကြားသည်။

ပြည်သူ့ရဲဘော်များသည် မြေပြင်တွင် လက်နက်မပြည့်မစုံဘဲ ယခုအချိန်ထိ လက်လုပ်တူမီး ခါးချိုးလေးများဖြင့် လက်နက်လက်နက်ကြီးများစမ်းသပ်ရင်း အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေရသည့်အတွက် ဒေသတွင်း PDF အဖွဲ့များကို အကူအညီပေးစေလိုကြောင်း၊ ဒေသတွင်းအခြားအဖွဲ့များနှင့်လည်း ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက် လျက်ရှိပြီး ၃လအတွင်း ထိတွေ့မှု ၈ ကြိမ်မှ ၁၀ကြိမ်ကြားရှိခဲ့ကြောင်း၊ သို့သော် သတင်းစာ မျက်နှာမှ စစ်ရေးလှုပ်ရှားမှုမတင်ပေးနိုင်သည့်အတွက် အလှူငွေရရှိမှု အခက်အခဲကြုံတွေ့ နေရကြောင်း၊ စခန်းတစ်ခုလည်းအသိမ်းခံခဲ့ရကြောင်း The Youth Force -Saw&Kyaukhtu အဖွဲ့တာဝန်ရှိသူက People’s Spring သို့ပြောသည်။

(ဒဏ်ရာရရဲဘော်အား ထမ်းစင်ဖြင့် သယ်ဆောင်လာစဥ်။ဓာတ်ပုံ- The Youth Force -Saw&Kyaukhtu)
(ဒဏ်ရာရရဲဘော်အား ထမ်းစင်ဖြင့် သယ်ဆောင်လာစဥ်။ဓာတ်ပုံ- The Youth Force -Saw&Kyaukhtu)

“အဓိကကတော့ လက်နက်ခဲယမ်းလိုအပ်တယ်။ ကျွန်တော်တို့မှာ အမှန်အကန်လက်နက် ရှိမယ်ဆိုရင် ဒီလိုမျိုးတွေ အန္တရာယ်များတဲ့ လက်လုပ်လက်နက်တွေကို အန္တရာယ်များမှန်း သိသိကြီးနဲ့ စမ်းသပ်ပြီးမှ အသုံးပြုစရာလည်း မလိုတော့ဘူး။ လက်နက်ကောင်းကောင်း တွေကိုကိုင်ပြီးမှ စစ်ကောင်စီကို ရင်ဆိုင်မယ်ဆိုလို့ရှိရင် ပိုပြီးထိရောက်မှုလည်းများမယ်။ ပိုပြီးတော့မှ စိတ်ဓာတ်ခွန်အား မြှင့်တင်နိုင်မယ်။ ပြီးတော့ ရဲဘော်တွေလည်း အသက်မပေးသင့် ဒဏ်ရာမရသင့်ဘဲ ရနေတဲ့အဖြစ်ဆိုးတွေလည်း ဖြစ်လာမှာမဟုတ်ဘူးပေါ့။”ဟု The Youth Force -Saw&Kyaukhtuအဖွဲ့ တာဝန်ရှိသူက ပြောသည်။

The Youth Force -Saw&Kyaukhtuအဖွဲ့သည် ဂန့်ဂေါနယ်အခြေစိုက် အာဏာရှင်တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ချင်းပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပါ မဟာမိတ်ဖွဲ့ကာ ပူးပေါင်းဆောင်ရွက်နေ သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။