Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင်တိုက်ပွဲမဖြစ်ဘဲ စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်၍အသက် ၂၀အရွယ်အမျိုးသမီးတစ်ဦး​သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်သာမက ဒီပဲယင်းနှင့်ရေဦးမြို့နယ်များတွင်လည်း အကြမ်းဖက်စစ်တပ်က လေယာဥ်များ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

(ဇွန်လကုန်ပိုင်းက မြောင်နယ်ကျေးရွာတစ်ရွာအားအကြမ်း ဖက်စစ်တပ်က မီးရှို့ခဲ့စဥ်။ ။ဓါတ်ပုံ-MBTT)
(ဇွန်လကုန်ပိုင်းက မြောင်နယ်ကျေးရွာတစ်ရွာအားအကြမ်း ဖက်စစ်တပ်က မီးရှို့ခဲ့စဥ်။ ။ဓါတ်ပုံ-MBTT)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်း၌စစ်​ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အသက် ၂၀ အရွယ်အမျိုးသမီးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင်လ ၁၇ရက်) နံနက်ပိုင်းက မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှဆင်းလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည်လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့်ဆယ်ရွာကျေးရွာပေါ်သို့လက်နက်ကြီးကျပြီး အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အမျိုးသမီးတစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

“ဇရပ်ကုန်းမှာ တစ်ညအိပ်ပြီး ထိုးလာတဲ့စစ်ကြောင်းက တောလမ်းအတိုင်းဖြတ်ပြီးတော့ ​ကျောက်ရစ်အထိုင်စခန်းကိုဝင်တာ။ မနေ့ညက ကျောက်ရစ်စခန်းမှာ အထိုင်ချပြီးတော့ ကျောက်ရစ်တောင်ဘက် သရက်တာကနေပြီး စစ်ကြောင်းထိုးသွားတာ။ သရက်တာကို ၄၀ မမနဲ့ပစ်တော့ အိမ်တစ်လုံးပျက်စီးသွားတယ်။ အဲဒီကတဆင့် သရက်တာတောင်ဘက်ရောက်တော့ လက်နက်ကြီးတွေနဲ့ လှမ်းထုတော့ ဆယ်ရွာကျေးရွာ ရွာပေါ်သွားကျတာ။ ရွာကအိမ်တစ်အိမ်တစ်အိမ်ပေါ်သွားကျတော့ ကလေးမလေး အသက်၂ဝ ဝန်းကျင် သေဆုံးသွားတယ်။ နောက်အမျိူးသမီးတစ်ယောက်က ဒဏ်ရာရသွားတယ်။ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာ မည်းမည်းမြင်ရာအကုန်ပစ်တာ။ တိုက်ပွဲမရှိဘဲပစ်တာ။”ဟု မြောင်နယ်အခြေစိုက် Special Force Army အဖွဲ့က ဗိုလ်တောက်ထွန်း(MBTT) က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၁၀ နာရီကျော်အထိ အကြမ်းဖက်စစ်တပ်သည် ၆၀မမများဖြင့်ရမ်းသမ်းပစ်ခတ်နေ၍ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်နေရသည်ဟုဒေသခံများကပြောသည်။

ယနေ့(ဇူလိုင် ၁၇)နံနက် ၉ နာရီခန့်က မြောင်နယ် ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ်များ တောင်ဘက်သို့ ဆက်ထွက်လာပြီး သရက်တောရွာအနောက်ဘက်အရောက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း CDSOM မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနွေဦးကလည်း ပြောသည်။

စစ်ကောင်စီတပ်များ ရမ်းသမ်းပစ်ခတ်လိုက်သော လက် နက်ကြီးကျည်တစ်လုံးမှာ ဆည်ရွာအတွင်းသို့ကျရောက်ပြီး လက်ဘက်ရည်ဆိုင်ရှိ အမျိုးသမီးအားကျည်ထိမှန်ကာ အသက်ဆုံးရှုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိအချိန်တွင် စစ်ခွေးများသည် ဇီးကျွန်းရွာမြောက်ဘက်တွင် ရောက်ရှိနေကြပါသည်”ဟု ကိုနွေဦးက ပြော သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်သာမက ဒီပဲယင်းနှင့်ရေဦးမြို့နယ်များတွင်လည်း အကြမ်းဖက်စစ်တပ်က လေယာဥ်များ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။