Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် အာဇာနည်နေ့ အခမ်းအနားပြုလုပ်နေစဥ် လက်နက်ကြီး ဖြင့်ပစ်ခတ် ခဲ့၍ ဒေသတွင်း PDFများက စစ်ကောင်စီ၏ ရဲစခန်းကို ဒရုန်းဖြင့်ပြန်လည် တိုက်ခိုက်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) ဗိုလ်ကျားသစ်၏ နေအိမ်၊ နွားစာတိုက်နှင့် မီးဖိုဆောင်တို့ကို မီးရှို့သွားခဲ့သည်။

(ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် - CRA (တပ်ခွဲ - ၂) ရဲဘော်များ အာဇာနည်နေ့ အခမ်းအနားပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army - ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်)
(ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် - CRA (တပ်ခွဲ - ၂) ရဲဘော်များ အာဇာနည်နေ့ အခမ်းအနားပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army - ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အာဇာနည်နေ့အခမ်းအနားပြုလုပ်နေစဥ် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ဒေသတွင်း PDFများက စစ်ကောင်စီ၏ ရဲစခန်းကို ဒရုန်းဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် – CRAက ယနေ့နံနက်တွင် ထုတ်ပြန်သည်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) ဗိုလ်ကျားသစ်၏ နေအိမ်၊ နွားစာတိုက်နှင့် မီးဖိုဆောင်တို့ကို မီးရှို့သွားခဲ့သည်။

ထို့နောက် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် – CRA (တပ်ခွဲ-၂) ၊ MGN RANGER ၊ MGN TIGER နှင့် People Defense Force of Taloke မြင်းခြံခရိုင် တပ်ရင်း-၂ စသည့် မဟာမိတ်အဖွဲ့များ၏ အာဇာနည်နေ့ အထိမ်းမှတ် အလေးပြု သေနတ်ပစ်ဖောက်ရာအရပ်သို့ (၄၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သည်ဟု CRA က ပြောသည်။ သို့သော်ထိခိုက်မှုမရှိကြောင်း ​​​ဒေသခံများက ပြောသည်။

ထို့နောက် နံနက် ၉နာရီတွင် စစ်ကောင်စီတပ်အထိုင်ချရာ ကျောက်ရစ်ရဲစခန်း အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု၏ ယာဥ်တစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CRAက ဆိုသည်။

Public Service Announcement

Public Service Announcement

“အာဇာနည်နေ့ အထိမ်းအမှတ် သေနတ်ပစ်ဖောက် အလေးပြုတယ်။ သေနတ်သံ လာရာဆီကို စကစ တွေက (၄၀)မမ လက်နက်ကြီးနဲ့ လှမ်းထုတာ။ ကျွန်တော်တို့ဒရုန်းနဲ့ ပြန်တိုက်ခိုက်တာတော့ စကစဘက်က ထိခိုက်ဒဏ်ရာရပျက်စီးတာတွေ ရှိတယ်လို့သိရတယ်။”ဟု CRA တာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများသည် ညောင်ကားယားရွာတွင် ညအိပ်တပ်စွဲရာမှ ပြန်လာထွက်ခွာလာပြီး သရက်သာရွာသို့ ဝင်ရောက်နေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူအများပြား တိမ်းရှောင်နေကြရ ကြောင်း CRAက အသိပေးသည်။

အထက်ပါ ဒရုန်းစစ်ဆင်ရေးအား ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် – CRA (တပ်ခွဲ -၂) သည် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ၊ Young Fighters People Defense Force of Myaung – YFPDF တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း CRAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။