Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကတိုက်ပွဲမဖြစ်ဘဲ စိုင်နိုင်​လေရွာကိုလက်နက်ကြီးဖြင့်ပစ်၍ ပြည်သူ ၁ဦး​သေ၊၆ ဦးဒဏ်ရာရ

“သက်သက်လက်နက်ကြီးနဲ့ပစ်သွားတာပါဗျာ။ဆုံးတဲ့ရွာသားကို မနေ့ကတခါတည်း သင်္ဂြိုလ်လိုက်ပါတယ်။ ကျန်တဲ့ထိထားတဲ့ ၆ယောက်ထဲကလည်း စိုးရိမ်ရသူ နှစ်ယောက်ပါပါသေးတယ်။”ဟု ​ဒေသခံတစ်ဦးက ပြောသည်။

ဝက်လက်မြို့နယ်
ဝက်လက်မြို့နယ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာတွင်စစ်​ကောင်စီတပ်ကတိုက်ပွဲမဖြစ်ဘဲ ​ကျေးရွာအတွင်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပစ်ခတ်​သောကြောင့် တစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇူလိုင်လ၁၀ရက်နေ့)က ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးရွာကို အကြမ်းဖက်စစ်တ​ပ်ကတိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံးကာ ၆ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သက်သက်လက်နက်ကြီးနဲ့ပစ်သွားတာပါဗျာ။ဆုံးတဲ့ရွာသားကို မနေ့ကတခါတည်း သင်္ဂြိုလ်လိုက်ပါတယ်။ ကျန်တဲ့ထိထားတဲ့ ၆ယောက်ထဲကလည်း စိုးရိမ်ရသူ နှစ်ယောက်ပါပါသေးတယ်။”ဟု ​ဒေသခံတစ်ဦးက ပြောသည်။

ဝက်လက်မြို့နယ်သည်အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်အကြမ်းဖက်မှုများ မကြာခဏခံနေရပြီး ခုခံတော်လှန်မှုများအားကောင်းရာဒေသဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ဝက်လက်မြို့နယ် မင်းရွာတိုက်ပွဲတွင် Local PDF ၅ ဦး၊ ဒေသခံ ပကဖ ၃ ဦး၊ ပြည်သူ ၂ ဦး ကျဆုံး ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သေးသည်။သေဆုံးသူများအနက် ၄ ဦးမှာ လက်နက်ချ အဖမ်းခံစဉ် အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook