Hi, what are you looking for?
တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း လက်တလောစာရင်းအရ ကျောင်းသားကလေးငယ် ၁၄ဦး၏ ရုပ်အလောင်းနှင့် ဆရာမတစ်ဦး၏ ရုပ်အလောင်း စုစုပေါင်း ၁၅ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အဖြူရောင် DPY)မှ တာဝန်ရှိသူက ပြောသည်။