Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း-‌ကျောက်မြောင်းလမ်း​ပေါ် ပိတ်မိ​နေတဲ့ ကား​တွေကိုစစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက် ၊သေဆုံးထိခိုက်များပြား

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ခရိုင်ချင်းဆက် ၊အမှတ်၃လမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ပြည်သူ ၃ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကခရိုင်ချင်းဆက်လမ်းမှာ ကားတွေပိတ်နေစဥ်။ဓါတ်ပုံ-CJ

ဩဂုတ်၁၁၊၂၀၂၅၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ခရိုင်ချင်းဆက် ၊အမှတ်၃လမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ပြည်သူ ၃ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

စစ်ကိုင်း-‌ကျောက်မြောင်း(ခရိုင်ချင်းဆက်အမှတ်-၃လမ်း) လမ်းပေါ်မှာ ပိတ်မိနေတဲ့ ကုန်ကားနဲ့ ခရီးသည်တင်ကားတွေ၊ဆီကားတွေပေါ်ကို ဒီက နေ့ နေ့လည်ပိုင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

သြဂုတ် ၁၁ ရက်နေ့ ၊နေ့လည်၁နာရီခွဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လောက်ကစပြီး ညနေ ၄နာရီ လောက်အထိ လေယာဉ်နဲ့ ဗုံးကြဲပြီး ပွိုင့်5 တွေနဲ့ပါ ပစ်သွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“စပြီး AS (Air Strik)လုပ်တာက ဘယ်မှာကျလဲဆိုတာ သတင်းမရ သေးဘူး။၂နာရီခွဲ ၃နာရီ လောက် ASလုပ်သွားတဲ့ဟာက ဗျူဟာလမ်းနဲ့ ကျောက်လမ်းမကြီး ကုန်ကားနဲ့ဆီကား တွေ ပေါ်ကျတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

လေကြောင်း ကြောင့်ထိခိုက် သေဆုံးစာရင်းအတိအကျ ကိုမသိကရသေးပေမယ့်အနည်းဆုံး ပြည်သူ၃ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူတွေ များတယ်လို့သိရပါတယ်။

အဲဒီခရိုင်ချင်းဆက်လမ်းအနီးက စဉ့်ကိုင်ရွာမှာပဲ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ တွေလည်းဆက်တိုက်ပြုလုပ် နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။