Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီး တစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာကို စစ်ကောင်စီကတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်(၃၂)နှစ်အရွယ် အမျိုး သမီးတစ်ဦးသေဆုံးကာနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟုတအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။

နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဩဂုတ်၁၊ ၂၀၂၅။ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာကို စစ်ကောင်စီကတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်(၃၂)နှစ်အရွယ် အမျိုး သမီးတစ်ဦးသေဆုံးကာနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟုတအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။

ဇူလိုင်၃၁ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒိုးပင်ကျေးရွာကိုလေကြောင်းတိုက်ခိုက်လာခြင်းဖြစ်ဟု ဖော်ပြပြီး နေအိမ် ၈လုံးနှင့် အိမ်စီးကား တစ်စီးဗုံးစထိမှန်ပျက်စီးခဲ့ကြောင်းလည်း အသိပေးသည်။

ဇူလိုင် ၃၀ရက်ကလည်း နောင်ချိုမြို့နယ် ဟိုခိုကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီး၊ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့ကြောင်းလည်း ထုတ် ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည်ဇူလိုင် ၁၅ရက်တွင် TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် နောက်ချိုမြို့နယ်အတွင်း ကျေးရွာများအားလေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဇူလိုင် ၂၆ ရက်ကလည်း ဟိုခိုရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦး ဒဏ်ရာရခဲ့သည်။

နောင်ချိုမြို့အပြင်TNLAထိန်းချုပ်ထားသည့် ကျောက်မဲ၊သီပေါ၊ မိုးကုတ်၊ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့များကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူများ သေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

အဆိုပါမြို့ရွာများကိုစစ်ကောင်စီကဇူလိုင်လအတွင်းလေကြောင်းတိုက် ခိုက်မှုအကြိမ် ၃၀ထက်မနည်း ပြုလုပ်ခဲ့ရာကလေးငယ်များအပါအဝင် ပြည်သူ ၂၁ ဦးထက်မနည်းသေဆုံးကာ ၅၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် လူနေအိမ်၊ စာသင်ကျောင်း နှင့် ဘုန်းကြီးကျောင်းများစွာလည်း ပျက်စီးခဲ့သည်။

ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က နှိုးဆော်ထားသည်။

စစ်ကောင်စီ၏ ပြည်သူများအား ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများကို TNLAက ရှုတ်ချထားပြီး ထိုသို့တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ နိုင်ံငံတကာ စစ်ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်နိုင်ရေး ကူညီပေးရန် တရုတ်အပါအဝင် နိုင်ငံတကာသို့ တောင်းဆိုထား သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။