Connect with us

Hi, what are you looking for?

သတင်း

KNUဗဟိုဌာနချုပ်အနီး လေကြောင်းတိုက်ခိုက်မှု ကျန်းမာရေးဝန်ထမ်းတဦး ဒဏ်ရာရ၊အဆောက်အဦးအချို့ ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ်အနီးကို စစ်ကောင်စီက ဩဂုတ်၁၀ရက် ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းတဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

KNUဗဟိုဌာနချုပ်အနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ်အနီးကို စစ်ကောင်စီက ဩဂုတ်၁၀ရက် ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းတဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၁၀ရက် ညပိုင်းက စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးသီးအလုံး ၂၀ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကလို့ယော်ယေး အဲဒီတ၀ိုက်မှာပဲ။ ရန်သူဆိုတော့ရန်သူအလုပ်လုပ်မှာပေါ့။ ကိုယ့်ကိုယ်ရန်သူလို့သဘောထားတယ်ဆိုတော့သူတိုက်ချင်သူတိုက်မှာပဲ။ကျနော်တို့လည်းပဲသူ့ကိုအဲဒီလိုမျိုးပဲတိုက်မှာပဲ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၂ရက်တွင် ကျရောက်မည့် ကရင့်အာဇာနည်နေ့ မတိုင်မီတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းလည်းဖြစ်သည်။

စစ်ကောင်စီသည်ယခင်ကလည်း KNU ဌာနချုပ်အခြေစိုက်ရာ တပ်မဟာ( ၇)နယ်မြေကို အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသော် လည်း လေကြောင်း တိုက်ခိုက်မှုမှာ ယခု နှစ်ပိုင်းအတွင်း ပထမဆုံးဖြစ်သည်။

“တခြားတော့ ဘာမှ မပြောလိုပါဘူး။ ဒီအာဏာရှင်က ကိုယ်က သူ့ကို ရန်သူလိုထင်တယ် သူကလည်း ကိုယ့်ကိုယ် ရန်သူလို့ထင်မှာပဲ။ သူလုပ်စရာရှိ သူလုပ်မှာပဲ။ ကျနော်တို့လည်း သူ့ကို လုပ်မှာပဲ။ ကျနော်တို့က စစ်ရေးနဲ့ တိုက်မယ်။ နိုင်ငံရေးနဲ့လည်းတိုက်မယ်။သံတမန်ရေးနဲ့လည်း တိုက်မယ်။နောက် လူထု လှုပ်ရှားမှုနဲ့ လည်း တိုက်မှာပဲ တပြည်လုံးအတိုင်းအတာနဲ့ပေါ့။ ဆက်လုပ်ရမယ့်အလုပ်ကျနော်တို့ လုပ်မှာပဲ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ လက်ကျန် စစ်ကောင်စီတပ်စခန်း ဝေါ်လေဗျူဟာနှင့် ထိသဲလယ် ကာကင်းစခန်းကို KNU ပူးပေါင်းတပ်က ၀ိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိသည်။ ဝေါ်လေဗျူဟာ သိမ်းပိုက်နိုင်ရေး ဆောင်ရွက်ရာတွင် တော်လှန်ရေး ရဲဘော်များ အထိအခိုက်နည်းစေမည့် နည်းဗျူဟာကို အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook