သတင်း ကနီကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြချမ်းသာရွာနှင့် ငါးဖျက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေ ၅နာရီခန့်၌ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။ ludunwayooဧပြီ 10, 2025
သတင်း ဝန်းသိုမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သား ၃၀ကျော် သေဆုံး စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ၃၀ကျော် သေဆုံးကြောင်း အဆိုပါမြို့ခံတစ်ဦးက ပြောသည်။ ludunwayooဧပြီ 10, 2025
သတင်း စလင်း၊ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့ကို လေကြောင်းစစ်ဆင်ရေးလုပ်မည်ဟု စစ်ကောင်စီခြိမ်းခြောက် ဝါဒဖြန့်နေ မကွေးတိုင်းရှိ စလင်း၊ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ဒရုန်းနှင့်လက်နက်ကြီး စစ်ဆင်ရေးများပြုလုပ်မည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချန်နယ်ကတဆင့် ခြိမ်းခြောက်နေသည်။ ludunwayooဧပြီ 9, 2025
သတင်း စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ချောင်းဦးမြို့နယ်က မိသားစုဝင်သုံးဦး သေဆုံး စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက သုံးပန်လှကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာမို့ မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ludunwayooဧပြီ 7, 2025
သတင်း ဖာပွန်ခရိုင်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကလေးငယ် ၂ဦးသေဆုံး ကရင်ပြည်နယ် ဖာပွန်ခရိုင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး သေဆုံး ပြီး ကလေးငယ် တစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဧပြီ ၇ရက်) သတင်းထုတ်ပြန်သည်။ ludunwayooဧပြီ 7, 2025
သတင်း အပစ်ရပ်ကြေညာပြီးစစ်တပ် စစ်ကြောင်းထွက်လာ၍ အင်းတော်မြို့သိမ်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်နေ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယာယီအပစ်ရပ်ကြေညာချက်ကြောင့် ထိုးစစ်ရပ်ထားသည့် အင်းတော်မြို့တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထွက်လာပြီး လေကြောင်းမှပါပစ်ခတ်လာ၍ တိုက်ပွဲပြင်းထန်နေသည်။ ludunwayooဧပြီ 7, 2025
သတင်း ဘုတလင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အရပ်သားများရှိရာ ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ludunwayooဧပြီ 7, 2025
သတင်း မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသော မိုးကုတ်မြို့အား စစ်ကောင်စီက ယနေ့(ဧပြီ ၅ရက်) နေ့လယ် ၂နာရီ ၁၀မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooဧပြီ 5, 2025
သတင်း စစ်ကောင်စီ လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ မိုးဗြဲတွင် အရပ်သားခြောက်ဦး သေဆုံး ယာယီအပစ်ရပ်မည်ဟုကြေညာထားသော စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့နယ်တွင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။ ludunwayooဧပြီ 5, 2025
သတင်း ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။ ludunwayooဧပြီ 5, 2025