Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တိုက်ပွဲ စစ်ကောင်စီတပ်ထိခိုက်မှုရှိ၍ လေကြောင်းမှ နှစ်ရက်ဆက်တိုက်ခိုက်ခြင်းဟု ဒေသခံပြော

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြား၌ ကျေးရွာများရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

အလယ်တောရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - TRTeam
အလယ်တောရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - TRTeam

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှုရှိ၍ ထိုကဲ့သို့ တိုက် ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံက ပြောသည်။

“အဲဒီလိုပဲ တွက်လို့ရတယ်။ ဒါပေမဲ့ အကျအဆုံးသတင်းတော့ သေချာမသိရဘူး”ဟု ဒေသခံက ပြောသည်။

ထီးချိုင့်မြို့နယ်ကို စစ်ကြောင်းထိုးပြီး ကျေးရွာများ မီးလိုက်ရှို့နေသည့် စစ်ကောင်စီတပ်အား ကသာခရိုင်တပ်ရင်း(၁)၊ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ယမန်နေ့တွင် အလယ်တောကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် ထီးချိုင့်နယ် လေသာရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယနေ့တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ဆို တို့ရှေ့တင်ပစ်ချသွားတာ။ ဂျက်ဖိုက်တာနဲ့ လေသာ ဘုန်းကြီးကျောင်းဝန်းထဲကျတာ။ မနက်က အလယ်တောနားလေးက အင်ကြင်းကုန်းရွာ မီးရှို့ခံရတယ်။ အဲဒါပြီး နေ့လည် ၁နာရီလောက် လေယာဉ်နဲ့လာပစ်တာပဲ။ လေသာကို လာပစ်တာ။ ပစ်ပြီး ၂နာရီလောက် အလယ်တောရွာကို မီးရှို့တော့တာ အခုထိလောင်နေတုန်းပဲနဲ့ တူပါတယ်”ဟု ထီးချိုင့်နယ်ကက ယနေ့ညပိုင်း၌ ပြောကြားသည်။

နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ကျဆုံးမှုမရှိသော်လည်း ဒဏ်ရာရသူ အချို့ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ရက်တွင် ထီးချိုင့်မြို့နယ် ဆူးပုတ်ချောင် ကျေးရွာကို မီးရှို့ခဲ့ပြီး ယနေ့တွင် အင်ကြင်းကုန်းရွာနှင့် အလယ်တောရွာကို မီးရှို့ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြား၌ ကျေးရွာများရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook