Connect with us

Hi, what are you looking for?

သတင်း

မကွေးလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ဟု ဒေသခံပြော

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မကွေးလေတပ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းမှ အလုပ်သမားများကို လေတပ်အတွင်း ဝင်ခွင့်မပြုဟု သိရသည်ဟု ၎င်းက ဆိုသည်။

(မကွေးလေတပ်စခန်းဌာနချုပ် အဝင်တစ်နေရာအား တွေ့ရစဥ်)
(မကွေးလေတပ်စခန်းဌာနချုပ် အဝင်တစ်နေရာအား တွေ့ရစဥ်)

မကွေးအခြေစိုက် စစ်ကောင်စီ၏ လေတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“မကွေးလေတပ်ကို မနက်က ၆နာရီလောက်က ရှော့တိုက်ဒုံးနဲ့ ၃ခါလောက် ပစ်တာ။ ပစ်တော့ သူတို့အရင်တခါ ကလည်း ရှော့တိုက်ဒုံးနဲ့ မကွေးလေတပ်ကို ပစ်ဖူးတယ်လေ။ ပစ်ဖူးတော့ သပြေစမ်းဆိုတဲ့ရွာနားက ယာခင်းထဲက သဲလွန်စတွေ ဘတ္ထရီအိုးတို့ ဘာတို့ အဲဒါတွေတွေ့ခဲ့တာကိုး။ တွေ့ခဲ့တော့ ဒီနေ့လည်း အဲဒီရွာကို သူတို့တစ်ရွာလုံး ပိုက်စိပ်တိုက်ရှာတယ်ပြောတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မကွေးလေတပ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းမှ အလုပ်သမားများကို လေတပ်အတွင်း ဝင်ခွင့်မပြုဟု သိရသည်ဟု ၎င်းက ဆိုသည်။

“ဒီလိုပစ်လိုက်တဲ့အတွက် အထိအခိုက်အပျက်အစီးကတော့ ကျွန်တော်တို့ မသိရဘူး။ မကြားရသေးဘူးပေါ့။ ပစ်တာတော့ သုံးချက်ပစ်တာ။ မကွေး ယူဂျီအဖွဲ့တွေ သုံးဖွဲ့လောက်ပေါင်းပြီးလှုပ်ရှားတယ် ပြောတာပဲ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မကွေးလေတပ်စခန်းတွင် ၂၀၂၂ ဩဂုတ်အတွင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဧပြီအတွင်းကလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။အဆိုပါဖြစ်စဉ်များ၌ လေယာဉ်နှင့် လေယာဉ်ရုံ အဆောက်အဦတို့ ထိခိုက်မှုရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။