Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KIA နှင့်ဆက်စပ်သည်ဆိုကာ ဖားကန့်ဒေသခံငါးဦးကို စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ်တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။ ယမန်နေ့ ညနေနှင့်ညဘက်တွင် ဖားကန့်၊ မန်စီမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။သို့သော် နောက်ဆက်တွဲ ထိခိုက်မှုကို မသိရသေးပေ။

ဖားကန့်
ဖားကန့်

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီဖမ်းဆီးခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့ဝင်အချို့နှင့်ဆက်စပ်သည်ဟုဆိုကာ ဖားကန့်မြို့မှဒေသခံငါးဦးကို ထပ်မံဖမ်းသွားသည်ဟု KIA သတင်းရင်းမြစ်များက ပြောသည်။

“မြစ်ကြီးနားမှာ ဖမ်းမိတဲ့အထဲမှာ ဖားကန့်က တစ်ဦးပါတယ်။ အဲဒီလူကို မနေ့က ဖားကန့်ကို ခေါ်လာပြီး နောက်ထပ်ငါးဦးထပ်ဖမ်းသွားတယ်” ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က KIA တပ်ရင်းအချို့မှအရာရှိအချို့အပါအဝင် ၁၃ဦးထက်မနည်းကို မြစ်ကြီးနားမြို့ရှိ KTV တစ်ခုတွင် နိုဝင်ဘာလ ၁၁ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးထားသူများကို စစ်ကြောရေးဝင်နေပြီး နောက်ထပ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ကချင်တိုင်းရင်းသားအရေးဆောင်ရွက်သူများက ပြောသည်။

“ကျွန်တော်တို့ ကြားထားသလောက် မြစ်ကြီးနားမှာ ၁၃ဦး ဖမ်းပြီးတဲ့နောက်ပိုင်း ထပ်ဖမ်းထားတာ ၅၀လောက်ရှိနေပြီ။ KIA အကြီးပိုင်းဘက်က ဘယ်လို ကိုင်တွယ်တုန့်ပြန်မလဲ စောင့်ကြည့်နေတယ်”ဟု ကချင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

KIA ဘက်ကမူ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သော ၁၃ဦးကိစ္စကို KIA က သီးခြားသတင်းမထုတ်ပြန်သေးပေ။ နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့(နိုဝင်ဘာလ ၁၉ရက်)နံနက်က ဖုန်းခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ကချင်ပြည်နယ်တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။ ယမန်နေ့ ညနေနှင့်ညဘက်တွင် ဖားကန့်၊ မန်စီမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။သို့သော် နောက်ဆက်တွဲ ထိခိုက်မှုကို မသိရသေးပေ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။