Connect with us

Hi, what are you looking for?

သတင်း

KIA နှင့်ဆက်စပ်သည်ဆိုကာ ဖားကန့်ဒေသခံငါးဦးကို စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ်တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။ ယမန်နေ့ ညနေနှင့်ညဘက်တွင် ဖားကန့်၊ မန်စီမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။သို့သော် နောက်ဆက်တွဲ ထိခိုက်မှုကို မသိရသေးပေ။

ဖားကန့်
ဖားကန့်

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီဖမ်းဆီးခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့ဝင်အချို့နှင့်ဆက်စပ်သည်ဟုဆိုကာ ဖားကန့်မြို့မှဒေသခံငါးဦးကို ထပ်မံဖမ်းသွားသည်ဟု KIA သတင်းရင်းမြစ်များက ပြောသည်။

“မြစ်ကြီးနားမှာ ဖမ်းမိတဲ့အထဲမှာ ဖားကန့်က တစ်ဦးပါတယ်။ အဲဒီလူကို မနေ့က ဖားကန့်ကို ခေါ်လာပြီး နောက်ထပ်ငါးဦးထပ်ဖမ်းသွားတယ်” ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က KIA တပ်ရင်းအချို့မှအရာရှိအချို့အပါအဝင် ၁၃ဦးထက်မနည်းကို မြစ်ကြီးနားမြို့ရှိ KTV တစ်ခုတွင် နိုဝင်ဘာလ ၁၁ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးထားသူများကို စစ်ကြောရေးဝင်နေပြီး နောက်ထပ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ကချင်တိုင်းရင်းသားအရေးဆောင်ရွက်သူများက ပြောသည်။

“ကျွန်တော်တို့ ကြားထားသလောက် မြစ်ကြီးနားမှာ ၁၃ဦး ဖမ်းပြီးတဲ့နောက်ပိုင်း ထပ်ဖမ်းထားတာ ၅၀လောက်ရှိနေပြီ။ KIA အကြီးပိုင်းဘက်က ဘယ်လို ကိုင်တွယ်တုန့်ပြန်မလဲ စောင့်ကြည့်နေတယ်”ဟု ကချင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

KIA ဘက်ကမူ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သော ၁၃ဦးကိစ္စကို KIA က သီးခြားသတင်းမထုတ်ပြန်သေးပေ။ နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့(နိုဝင်ဘာလ ၁၉ရက်)နံနက်က ဖုန်းခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ကချင်ပြည်နယ်တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။ ယမန်နေ့ ညနေနှင့်ညဘက်တွင် ဖားကန့်၊ မန်စီမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။သို့သော် နောက်ဆက်တွဲ ထိခိုက်မှုကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။