Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် PDF ရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံး၊ စစ်ကောင်စီတပ်က ဒေသခံပြည်သူခြောက်ဦး သတ်ဖြတ်သွား

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုပေါင်း ခန့်မှန်းအင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ၄ရက်အတွင်း ကျေးရွာပေါင်း ၉ရွာရှိ နေအိမ် ၄၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

ခင်ဦး
ခင်ဦး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတ​ပ်နှင့် တိုက်ခိုက်နေသည့် ဒေသတွင်း PDFအဖွဲ့မှ ရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံးခဲ့ကြောင်း ခင်ဦးအခြေစိုက် Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၁၈ ရက်တွင် ရဲဘော် လေးဦး မိုင်းမတော်တဆမှုကြောင့် ဒဏ်ရာရှိခဲ့ကာ နှစ်ဦးကျဆုံး၍ နှစ်ဦးဆေးကုသနေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ပစ်တာ။ သူတို့ထွက်မယ့်လမ်းကြောင်းမှာ။ ပစ်တော့ ရဲဘော်တွေက ရှေ့က စစ်ကြောင်းထောက်ရင်းထောက်ရင်းနဲ့ မိုင်းတွေဆင်ထားတဲ့အခါမှာ ကိုယ်ထောင်ထားတဲ့မိုင်း၊ တော်လှန်ရေးရဲဘော်အချင်းချင်း ထောင်ထားတဲ့မိုင်းပေါ့။ မတော်တဆမိုင်းကကွဲပြီးတော့ လေးဦးက ဒဏ်ရာတွေရသွားပြီးတော့ နှစ်ဦးက ပွဲခြင်းပြီးဆုံးသွားတာပေါ့။ နှစ်ဦးကတော့ ဒဏ်ရာရသွားတယ်။”ဟု Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက ရှင်းပြသည်။

ခင်ဦးတောင်ခြမ်းနှင့် အနောက်တောင်ခြမ်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် ခင်ဦးနယ်လက်ပံလှရွာမှတဆင့် ခင်ဦးမြို့ပေါ်သို့ ဒဏ်ရာရသူများသယ်ဆောင်ကာ ပြန်ဆုတ်သွားကြောင်း KSO အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုပေါင်း ခန့်မှန်းအင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ၄ရက်အတွင်း ကျေးရွာပေါင်း ၉ရွာရှိ နေအိမ် ၄၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်က မီးရှို့ဖျက်ဆီးခြင်းခံရသော ပေါင်းလဲကုန်းကျေးရွာတွင် နေ အိမ် ၁၃၆ လုံးမီးလောင်ပျက်စီးသွားခဲ့သည်။

ထို့အပြင် အဆိုပါ ကျေးရွာနေ အသက်(၈၅)နှစ်အရွယ် ဒေါ်ချစ်စုအား နေအိမ်အတွင်း မီးရှို့သတ်ဖြတ်ခဲ့ပြီး အသက်(၅၃)နှစ်အရွယ် ဦးဆန်းဝင်းသည်လည်း လက်နက်ကြီးမှန်ကာ ဒဏ်ရာဖြင့် အမောဖောက်သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

နိုဝင်ဘာ ၂၀ ရက်က ခင်ဦးနယ်တောင်ခြမ်းရောက်နေသော စစ်ကြောင်းသည် ရွှေဘိုမြို့နယ် လိပ်ရကုန်းရွာမှ ဒေသခံ လေးဦးအား သတ်ဖြတ်၍ နေအိမ်၁၅လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ယနေ့(နိုဝင်ဘာလ ၂၁ ရက်)တွင်လည်း ခင်ဦးမြောက်ခြမ်းရှိ စစ်ကြောင်းသည် စောကြီးရွာ၊သေနပ်စိန်ရွာတို့အား မီးတင်ရှို့နေခဲ့ကြပြီး ပျက်စီးမှု အခြေအနေမသိရသေးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ်ရှိ ရွာပေါင်း ၅၅ရွာမှ နေအိမ် ၂,၅၀၀ကျော် အထိ မီးရှို့ဖျက်ဆီးခံထားပြီး ရဲဘော်နှင့်ပြည်သူပေါင်း၂၂၂ဦး သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။