Connect with us

Hi, what are you looking for?

ဗီဒီယို

Omicron ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေက အအေးမိ တုပ်ကွေးနဲ့ ပိုဆင်တူလာ

အခုဆိုရင် နိုင်ငံတချို့မှာ Omicronဟာ Deltaကို ကျော်ပြီး အဓိက လွှမ်းမိုး ကူးစက်မှု အများဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာနေပါပြီ။

Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ပြသတဲ့ ရောဂါ လက္ခဏာတွေဟာ တုပ်ကွေး အအေးမိ ရောဂါနဲ့ အရမ်း ဆင်တူလာတယ်လို့ သိရပါတယ်။

တောင်အာဖရိကနဲ့ ဗြိတိန်မှာ ကနဦး ကောက်ယူ ရရှိထားတဲ့ အချက်အလက်တွေက Omicronကြောင့် ကိုဗစ်ရောဂါ ဖြစ်ပွားသူ အများစုဟာ ရောဂါလက္ခဏာ အရမ်းပြင်းလေ့ မရှိဘူးလို့ ညွှန်ပြနေပါတယ်။ အရင်က ကမ္ဘာအနှံ့ကို ပျံ့နှံ့ခဲ့တဲ့ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ယှဉ်လိုက်ရင် Omicronကြောင့် ဆေးရုံရောက်တဲ့ထိ ရောဂါဝေဒနာတွေ ခံစားရသူ အချိုးအစားဟာ ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က Omicronဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အားလုံးမှာ ကူးစက်နှုန်း အမြန်ဆုံးဖြစ်ပြီး လုံးဝ မပေါ့ဆသင့်ကြောင်း သတိပေးထားပါတယ်။ အခုဆိုရင် နိုင်ငံတချို့မှာ Omicronဟာ Deltaကို ကျော်ပြီး အဓိက လွှမ်းမိုး ကူးစက်မှု အများဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာနေပါပြီ။

အမေရိကန်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်ရောဂါ ဖြစ်ပွားသူ အများစုဟာ Omicron ကူးစက် ခံရတာ ဖြစ်ပါတယ်။ Omicron လူနာတွေ ပြသတဲ့ ရောဂါ လက္ခဏာတွေဟာ အအေးမိ တုပ်ကွေးနဲ့ ပိုဆင်တူလာပြီး Delta ကူးစက်မှု လက္ခဏာတွေနဲ့ ခြားနားလာကြောင်း အမေရိကန်နိုင်ငံ၊ ဟာလီဖက်စ်မှာရှိတဲ့ ဒယ်လ်ဟော်ဆီ တက္ကသိုလ်က ကူးစက်ရောဂါဗေဒ ပညာရှင် ဒေါက်တာ လီဆာဘားရတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

Omicron လူနာ အများစုနဲ့ ရာသီတုပ်ကွေး အအေးမိ လူနာ အများစုကြားမှာ အဓိက ကွဲပြားတဲ့ လက္ခဏာဆိုလို့ Omicron ကူးစက်ခံရသူတွေက အနံ့ခံအာရုံ ခဏ ပျောက်သွားတတ်တာသာ ရှိတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စကလည်း အမြဲတမ်း ထင်ထင်ရှားရှား ဖြစ်မနေတာကြောင့် တုပ်ကွေးရောဂါ လက္ခဏာတွေ ပြသနေပြီ ဆိုရင်တောင် မပေါ့ဆသင့်ကြောင်း ဒေါက်တာ ဘားရတ်က သတိပေးခဲ့ပါတယ်။ အကောင်းဆုံးကတော့ တုပ်ကွေးဆန်ဆန် ဖျားနာလာပြီ ဆိုရင်တောင် ဆေးစစ်ကြည့်သင့်တယ်လို့ သူက အကြံပြုထားပါတယ်။

Omicronဟာ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အားလုံးထဲမှာ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုတွေ အထင်ရှားဆုံး၊ အများပြားဆုံး ဖြစ်နေတဲ့ အမျိုးအစားပါ။ ဒီလို အလွန်အကျွံ မျိုးဗီဇ ပြောင်းလဲမှုတွေကြောင့်ပဲ ရောဂါလက္ခဏာတွေ ပျော့လာတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာ ဘားရတ်က သုံးသပ်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာ အခြေအနေ တစ်ခုက လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ် ကာကွယ်ဆေး အများစုဟာ Omicronကို မတားဆီးနိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ယူဆထားကြတာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ကူးစက်မြန် ဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ ကျားကောင်ရေ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။