Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

Omicronကြောင့် သေဆုံးနိုင်ခြေကို Johnson & Johnson ကာကွယ်ဆေး Boosterက သိသိသာသာ လျှော့ချနိုင်

Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကို စတင် တွေ့ရှိခဲ့တဲ့ တောင်အာဖရိက နိုင်ငံမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့အခါ Johnson & Johnsonရဲ့ ဆေးကို တတိယမြောက် Booster ထိုးလိုက်တဲ့အခါ ကာကွယ်ဆေးရဲ့ Antibody လှုံ့ဆော်နိုင်စွမ်းကို ၈၅ ရာခိုင်နှုန်းလောက် ထပ်မြင့်တက်လာစေတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

Johnson & Johnson ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေးကို Booster ထိုးထားသူတွေဟာ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါလက္ခဏာတွေ ပြင်းပြင်းထန်ထန် ခံစားရတဲ့ အခြေအနေကို ထိထိရောက်ရောက် ဟန့်တားနိုင်စွမ်းရှိကြောင်း သုတေသန စစ်တမ်းတစ်ခု ထွက်ပေါ်လာပါတယ်။

အမေရိကန် ဆေးဝါး ကုမ္ပဏီကြီးက ကာကွယ်ဆေး Booster ထိုးနှံထားသူတွေရဲ့ Antibody ထုတ်နိုင်စွမ်းကို သုတေသနပြု လေ့လာပြီးတဲ့နောက် အခုရလဒ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ Booster ထိုးထားတဲ့အခါ Omicronဗိုင်းရပ်စ် မကူးစက်အောင် လုံးဝဥဿုံ ကာကွယ်မယ်လို့ အာမမခံနိုင်ပေမယ့် ဗိုင်းရပ်စ်ကြောင့် အဆိုးဆုံး အခြေအနေတွေ ကြုံမလာအောင်တော့ အာနိသင် ကောင်းကောင်းနဲ့ ကာကွယ်ပေးလိမ့်မယ်လို့ Johnson & Johnsonက ဆိုပါတယ်။

Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကို စတင် တွေ့ရှိခဲ့တဲ့ တောင်အာဖရိက နိုင်ငံမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့အခါ Johnson & Johnsonရဲ့ ဆေးကို တတိယမြောက် Booster ထိုးလိုက်တဲ့အခါ ကာကွယ်ဆေးရဲ့ Antibody လှုံ့ဆော်နိုင်စွမ်းကို ၈၅ ရာခိုင်နှုန်းလောက် ထပ်မြင့်တက်လာစေတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

အမေရိကန်မှာလည်း အလားတူ ဓာတ်ခွဲခန်း စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့အခါ Johnson & Johnsonရဲ့ Boosterဟာ ဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ခိုက်တဲ့ T Cellတွေ ပိုမိုနိုးကြားအောင် အားကောင်းကောင်းနဲ့ လှုံ့ဆော်ပေးကြောင်း တွေ့ရှိခဲ့ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းက Johnson & Johnsonရဲ့ ကာကွယ်ဆေးဟာ ထိုးနှံသူ တချို့မှာ သွေးခဲတဲ့ ဘေးထွက်ဆိုးကျိုး ပြဿနာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ အခုအခါ ကုမ္ပဏီရဲ့ လေ့လာ တွေ့ရှိချက် အသစ်တွေကတော့ Omicronနဲ့ ပတ်သက်လို့ အားတက်စရာ အခြေအနေ ဖြစ်လာပါတယ်။

သုတေသီတွေကတော့ ဒီတွေ့ရှိချက်တွေဟာ Omicronကို တန်ပြန်ရာမှာ အရမ်း အရေးပါလာလိမ့်မယ်လို့ ဆိုပါတယ်။ အခုဆိုရင် Omicronဟာ Deltaကိုကျော်ပြီး အမေရိကန်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားစေမှု အများဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအဖြစ် ရပ်တည်လာနေပါတယ်။

အခုလ အစောပိုင်းတုန်းကတော့ အမေရိကန်ရဲ့ ရောဂါတားဆီး ထိန်းချုပ်ရေးဌာန (CDC)က Modernaနဲ့ Pfizerတို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ဦးစားပေးအဆင့် စဉ်းစားရွေးချယ်ပြီး ထိုးနှံကြဖို့ အကြံပြု တိုက်တွန်းထားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။