Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicron ဗိုင်းရပ်စ်ဟာ အလင်းရဲ့ မြန်နှုန်းမျိုးနဲ့ ပျံ့နှံ့နေတယ်လို့ ပြင်သစ် ဝန်ကြီးချုပ် သတိပေး

ကိုဗစ်ရောဂါ ကူးစက်မှု လှိုင်းအသစ်တစ်ခု စတင်လာတာမျိုး ကြုံနေတဲ့ ဂျာမနီမှာလည်း ကျန်းမာရေးဝန်ကြီး ကားလ် လော်တာဘက်ချ်က တစ်နိုင်ငံလုံး အနေနဲ့ အရင်က မကြုံဖူးသေးတဲ့ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အလင်းရဲ့ မြန်နှုန်းမျိုးနဲ့ လျင်လျင်မြန်မြန် ပျံ့နှံ့နေတယ်လို့ ပြင်သစ် ဝန်ကြီးချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ဂျင်း ကက်စ်တက်စ်က ပြင်သစ်မှာ ခရီးသွားလာမှု ကန့်သတ် တင်းကြပ်တဲ့ အစီအမံတွေ မစတင်ခင် နာရီပိုင်းအလို ဒီဇင်ဘာ ၁၇ ရက်မှာ အခုလို ပြောဆိုခဲ့တာပါ။ အိမ်နီးချင်း ဗြိတိန် နိုင်ငံဟာ ဥရောပမှာ Omicron ကူးစက်မှုတွေ အဆိုးဆုံး နေရာတစ်ခု ဖြစ်လာတဲ့နောက် ပြင်သစ်က ဗြိတိန်နဲ့ အသွားအလာ ကန့်သတ်ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က ဗြိတိန်မှာ Omicron ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ တစ်သောင်းခွဲ နီးပါးထိ တွေ့ရှိခဲ့ပါတယ်။ ဥရောပ တနံတလျားမှာလည်း နိုင်ငံ အစိုးရ အသီးသီးက နောက်ထပ် ကူးစက်မှုတွေ မြင့်တက်လာမယ့် အခြေအနေတွေအတွက် ကြိုတင် တွေးတော ပြင်ဆင်နေကြရပါတယ်။

ဝန်ကြီးချုပ် ကက်စ်တက်စ်က ပြင်သစ်မှာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူ သန်းနဲ့ချီ များပြားနေပြီး ဒီလုပ်ရပ်က တခြားသူတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိပါး သက်ရောက်စေနိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ Omicronရဲ့ ကူးစက်မှု မြန်နှုန်းဟာ အလင်းလို လျင်မြန်လွန်းပြီး လုံးဝ မပေါ့ဆသင့်ဘူးလို့လည်း သူက ဆိုတယ်။ ပြင်သစ်ဟာ နှစ်သစ်ကူးအကြို မီးရှူးမီးပန်း ပစ်ဖောက်တဲ့ အစီအစဉ်တွေကိုလည်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ်ရောဂါ ကူးစက်မှု လှိုင်းအသစ်တစ်ခု စတင်လာတာမျိုး ကြုံနေတဲ့ ဂျာမနီမှာလည်း ကျန်းမာရေးဝန်ကြီး ကားလ် လော်တာဘက်ချ်က တစ်နိုင်ငံလုံး အနေနဲ့ အရင်က မကြုံဖူးသေးတဲ့ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

နယ်သာလန်မှာ ဆိုရင်လည်း တင်းကျပ်တဲ့ Lockdown အစီအမံတွေ ပြန်လည် ကျင့်သုံးဖို့ ကျန်းမာရေး ဝန်ကြီးဌာနက စဉ်းစားနေပြီ ဖြစ်ပါတယ်။ အိုင်ယာလန်မှာတော့ အသစ်ဖြစ်ပွားတဲ့ ကိုဗစ်ရောဂါ ကူးစက်မှု အားလုံးရဲ့ သုံးပုံတစ်ပုံလောက်ဟာ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်လို့ အတည်ပြု တွေ့ရှိထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။