Connect with us

Hi, what are you looking for?

ဗီဒီယို

Omicron ခြိမ်းခြောက်မှုကြောင့် ခရစ္စမတ်မှာ ခရီးမထွက်ကြဖို့ WHO တိုက်တွန်း

ဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ ကာကွယ်ဆေး ထိုးထားသူတွေ၊ ခန္ဓာကိုယ်မှာ ကိုယ်ခံအား Antibody ထွက်နှင့်ပြီးသား သူတွေကိုပါ တကျော့ပြန် ကူးစက်နိုင်ခြေ ရှိတယ်လို့ ယေဘုယျ ယူဆထားကြပါတယ်။

Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနိုင်တဲ့ အန္တရာယ်ကြောင့် ခရစ္စမတ်ကာလ အားလပ်ရက်တွေမှာ တတ်နိုင်သမျှ ခရီး မထွက်ကြဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်းလိုက်ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေ တော်တော်များများ ရှိနေတဲ့အနက် မကြာသေးခင်က တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိလာတဲ့ Omicron မျိုးကွဲဟာ ကူးစက်နှုန်း အမြန်ဆုံး ဖြစ်လာတယ်လို့ ဆေးသုတေသန ပညာရှင်တွေက ပြောကြားထားပါတယ်။

Omicronနဲ့ ပတ်သက်လို့ WHOက အသေးစိတ် လေ့လာမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပေမယ့် ဒီကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ ကာကွယ်ဆေး ထိုးထားသူတွေ၊ ခန္ဓာကိုယ်မှာ ကိုယ်ခံအား Antibody ထွက်နှင့်ပြီးသား သူတွေကိုပါ တကျော့ပြန် ကူးစက်နိုင်ခြေ ရှိတယ်လို့ ယေဘုယျ ယူဆထားကြပါတယ်။

ဒါ့အပြင် Omicronဟာ တခြား မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်တွေကို လွှမ်းမိုးသွားပြီး အတွေ့ရ အများဆုံး Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ် ဖြစ်လာဖို့ နီးစပ်နေပါတယ်။ ဥပမာ အနေနဲ့ လတ်တလော အမေရိကန်မှာ တွေ့ရှိလာတဲ့ ကိုဗစ်လူနာသစ် အားလုံးရဲ့ ၇၃ ရာခိုင်နှုန်းဟာ Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရတာပါ။

Public Service Announcement

Public Service Announcement

WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က Omicron ကူးစက်မှုတွေကို ဟန့်တား ကာကွယ်ဖို့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ရွေးချယ်ဖို့ လိုလာလိမ့်မယ်လို့ ပြောပါတယ်။ ခရစ္စမတ်ကာလ ခရီးသွားလာမှုတွေဟာ ရောဂါကို ပိုဖြန့်ပေးသလို ဖြစ်သွားနိုင်တာကြောင့် တတ်နိုင်ရင် ခရီးသွားမယ့် အစီအစဉ်တွေကို ဖျက်သိမ်းကြဖို့လည်း သူက အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

ခရီးသွားမယ့် အစီအစဉ်တွေကို ဖျက်သိမ်းရတာဟာ အသက် ရှင်သန် နေထိုင်မှုကို ဖျက်သိမ်းလိုက်ရတာထက်တော့ အများကြီး ပိုခံသာသေးတယ်လို့ သူက ဆိုပါတယ်။ တတ်နိုင်သမျှတော့ ခရီးသွားမယ့် ကိစ္စတွေကို ဖျက်လိုက်တာ၊ ဒါမှမဟုတ် ရက်ရွှေ့လိုက်တာမျိုး လုပ်စေချင်တယ်လို့လည်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ပြောပါတယ်။

သိပ္ပံနည်းကျ အတည်ပြု ထုတ်ပြန်တာမျိုး မဟုတ်ပေမယ့် Omicronဟာ ကူးစက်နှုန်း အရမ်းမြန်ဆန်လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ထက်တောင် ပိုပြီး လျင်လျင်မြန်မြန် ပျံ့နှံ့ ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေ တော်တော်များများ တွေ့နေရပြီလို့လည်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

Omicron မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်ကို ပြီးခဲ့တဲ့ လကမှ တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့ပြီး WHOရဲ့ အန္တရာယ် စံသတ်မှတ် သတိပေးမှု အမြင့်ဆုံး အဆင့်အဖြစ် စိုးရိမ်ရမယ့် ဗိုင်းရပ်စ် မျိုးကွဲတွေ စာရင်းမှာ လျင်လျင်မြန်မြန် ထည့်သွင်း သတ်မှတ် ခံခဲ့ရပါတယ်။

အစောပိုင်းတုန်းက Omicron ကူးစက် ခံရတဲ့ လူနာတွေမှာ ပြသတဲ့ ကိုဗစ်ရောဂါ လက္ခဏာတွေက သိပ်ပြင်းထန်လေ့ မရှိဘူး ဆိုတာမျိုး ယူဆတာတွေ ရှိခဲ့ပေမယ့် WHOရဲ့ သိပ္ပံပညာဌာန အကြီးအကဲ ဆွမ်ယာ ဆွမ်မင်နက်သန်ကတော့ သိပ္ပံနည်းကျ အတည်မပြုနိုင်သေးတဲ့ အခုကိစ္စကို မျက်စိစုံမှိတ် ယုံကြည်နေမယ်ဆိုရင် မိုက်မဲလွန်းရာ ကျသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ကူးစက်နှုန်း အရမ်းမြန်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့သွားပြီဆိုရင် လူနာဦးရေကလည်း တဟုန်ထိုး မြင့်တက်လာမှာဖြစ်ကြောင်း၊ ဒီအခါမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေလည်း ယိမ်းယိုင် ပြိုလဲသွားနိုင်ကြောင်း ဒေါက်တာ ဆွမ်မင်နက်သန်က သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။