Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Omicronကြောင့် Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် လုံးဝ ပျောက်ကွယ်သွားဖို့ ပညာရှင်တွေ မျှော်လင့်

Deltaမျိုးကွဲကို ဖယ်ထုတ်ပစ်နေတယ် ဆိုတာက ကောင်းတဲ့ကိစ္စ တစ်ခုလည်း ဖြစ်ချင် ဖြစ်လာနိုင်ကြောင်း၊ တစ်နည်းအားဖြင့် လူသားတွေဟာ Deltaနဲ့ တခြား မျိုးကွဲတွေထက် ရောဂါပြင်းထန်နိုင်ခြေ ပိုနည်းတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးနဲ့သာ ယှဉ်တွဲနေထိုင်ရမယ့် အခြေအနေဆီ ရောက်လာနိုင်ကြောင်းလည်း သူက ဆိုပါတယ်။

Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှုတွေက Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကို ပျက်စီး ပျောက်ကွယ်သွားအောင် တစ်ဖက်တစ်လမ်းက အကူအညီ ဖြစ်စေမယ်လို့ ဆေးသုတေသန ပညာရှင်တွေက ယူဆထားပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ကမ္ဘာအနှံ့ကို ပျံ့နှံ့ခဲ့တဲ့ Deltaမျိုးကွဲဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်တွေထဲမှာ အဆိုးဆုံး မျိုးကွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ Deltaကြောင့် ခံစားရတဲ့ ရောဂါ လက္ခဏာတွေက တခြား ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေထက် ပိုပြင်းထန်နိုင်သလို သေပျောက်နှုန်းလည်း မြင့်မားနိုင်တာကြောင့် Delta မျိုးကွဲ ပပျောက်ရေးဟာ နိုင်ငံတကာ ဗိုင်းရပ်စ် ပညာရှင်တွေရဲ့ အဓိက ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာလမှာတော့ တောင်အာဖရိက နိုင်ငံကနေ စတင်ပြီး Omicronမျိုးကွဲသစ် ဗိုင်းရပ်စ် ကူးစက်မှုတွေ ပေါ်ပေါက်လာပါတယ်။ Omicronနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပေမယ့် ကနဦး တွေ့ရှိချက်တွေမှာတော့ ဒီမျိုးကွဲသစ်ဟာ Deltaထက် ကူးစက်နှုန်း ပိုမြန်ပြီး ရောဂါလက္ခဏာ ပြင်းထန်နိုင်တဲ့ အချိုးအစားကတော့ ၇၀ ရာခိုင်နှုန်းလောက်ထိ လျော့ကျသွားနိုင်ကြောင်း ညွှန်ပြနေပါတယ်။

ဒါ့အပြင် ဓာတ်ခွဲခန်း တွေ့ရှိချက်တွေအရ Omicron ကူးစက် ခံရပြီး သက်သာ ပျောက်ကင်းလာတဲ့ လူနာဟောင်းတွေမှာ ထွက်ရှိတဲ့ Antibodyက Deltaမျိုးကွဲကိုပါ တားဆီးနိုင်စွမ်း ရှိနေနိုင်ကြောင်း သိရှိရပါတယ်။ တောင်အာဖရိက သိပ္ပံပညာရှင်တွေကတော့ Omicronဟာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ရင် အရမ်း ပြင်းပြင်းထန်ထန် ထိခိုက်တဲ့ အနာဂတ်မျိုးကနေ လမ်းကြောင်းပြောင်းလာမယ့် အချိုးအကွေ့ တစ်ခုအဖြစ် ယူဆနေပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေမှာ Omicronဟာ Deltaကို လွှမ်းမိုးလာပြီး အဓိက ကူးစက်နှုန်း အများဆုံး ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ဖြစ်လာနေပါတယ်။ ဒီလိုနဲ့ပဲ Deltaမျိုးကွဲဟာ လုံးဝဥဿုံ ပျောက်ကွယ်တဲ့ အဆင့်ထိ ရောက်ကောင်း ရောက်သွားနိုင်တယ်လို့ တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့က အာဖရိက ကျန်းမာရေး သုတေသန ဌာနရဲ့ ဗိုင်းရပ်စ်ဗေဒ ပညာရှင် အဲလက်စ် ဆီဂဲလ်က ပြောပါတယ်။

Deltaမျိုးကွဲကို ဖယ်ထုတ်ပစ်နေတယ် ဆိုတာက ကောင်းတဲ့ကိစ္စ တစ်ခုလည်း ဖြစ်ချင် ဖြစ်လာနိုင်ကြောင်း၊ တစ်နည်းအားဖြင့် လူသားတွေဟာ Deltaနဲ့ တခြား မျိုးကွဲတွေထက် ရောဂါပြင်းထန်နိုင်ခြေ ပိုနည်းတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးနဲ့သာ ယှဉ်တွဲနေထိုင်ရမယ့် အခြေအနေဆီ ရောက်လာနိုင်ကြောင်းလည်း သူက ဆိုပါတယ်။

ဒါပေမဲ့ Omicronနဲ့ ပတ်သက်လို့ တစ်ဖက်မှာ စိုးရိမ်စရာ ဖြစ်နေတာက ရှိရင်းစွဲ ကာကွယ်ဆေးတွေဟာ ဒီမျိုးကွဲသစ် ဗိုင်းရပ်စ် ကူးစက်မှုတွေကို လုံလုံလောက်လောက် တားဆီးနိုင်စွမ်း မရှိခြင်းပါပဲ။ အခုဆိုရင် ကမ္ဘာ့နိုင်ငံကြီး တချို့မှာ Omicronကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး စတုတ္ထအကြိမ် Booster ထိုးသင့် မထိုးသင့် ဆိုတာကိုပါ စဉ်းစားနေကြပါပြီ။

ဗြိတိန်နိုင်ငံ၊ လန်ဒန် တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ အပူပိုင်းဇုန် ရောဂါများဆိုင်ရာ ဆေးပညာ ဌာနရဲ့ ကူးစက်ရောဂါ ပါရဂူ ဒေါက်တာ ကားလ် ပီယာဆန်ကလည်း Omicronဟာ ဗြိတိန်ကို ရောက်လာကတည်းက အရမ်းမြန်မြန် ပျံ့နှံ့သွားပြီး Deltaကတော့ ကူးစက်နှုန်း သိသိသာသာ ဆုတ်ယုတ် ကျဆင်းသွားကြောင်း ပြောပါတယ်။ ဗြိတိန်မှာ ပြုလုပ်တဲ့ လေ့လာမှုတွေ အရလည်း Deltaနဲ့ တခြားမျိုးကွဲတွေမှာ အလုပ်ဖြစ်တဲ့ ကာကွယ်ဆေးနဲ့ Antibody စနစ်ဟာ Omicronနဲ့ အတွေ့မှာ အတော်လေး အားပျော့သွားတယ် ဆိုတာကို သူက အတည်ပြုခဲ့ပါတယ်။

လတ်တလောမှာတော့ ကာကွယ်ဆေး ထုတ်လုပ်ထားတဲ့ ကုမ္ပဏီကြီးတွေဟာ Omicronအတွက် သီးသန့် ရည်ရွယ်တဲ့ မျိုးဆက်သစ် ကာကွယ်ဆေးတွေကို အပြိုင်အဆိုင် စမ်းသပ် ဖော်စပ်နေပါတယ်။ စတင် ထောက်လှမ်း တွေ့ရှိခဲ့ပြီး တစ်လလောက် အတွင်းမှာတင် Omicronဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်လောက်ဆီ ပျံ့နှံ့ ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ (၁)နှစ်တာကာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်‌ကြောင်းနှင့် ထုတ်လုပ်အောင်မြင်မှုအခြေအနေအား ပြည်သူလူထုသို့ အစီရင်ခံတင်ပြလာခြင်းဖြစ်သည်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။