Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicronကြောင့် ရောဂါပြင်းသူ ဦးရေက တခြား ဗိုင်းရပ်စ် မျိုးကွဲတွေထက် လျော့နည်းဖွယ်ရှိ

အဓိပ္ပါယ်ကတော့ Omicronဟာ Sars-Cov-2 မျိုးကွဲ အားလုံးထဲမှာ ကူးစက်နှုန်း အမြန်ဆုံးပေမယ့် ရောဂါပြင်းထန်နိုင်ခြေ အနည်းဆုံး ကိုရိုနာဗိုင်းရပ်စ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို အခိုင်အမာ ယုံကြည်လက်ခံဖို့ ဆိုတာက စောလွန်းနေသေးပြီး လုံးဝ မပေါ့ဆသင့်ဘူးလို့ ဗြိတိန်က ဆရာဝန်တွေက ပြောပါတယ်။

Omicronမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်လာတဲ့ ကိုဗစ်ရောဂါ ကူးစက်မှု လှိုင်းတွေဟာ တခြား ဗိုင်းရပ်စ် မျိုးကွဲတွေနဲ့ ယှဉ်ရင်တော့ ပိုပြီး ပျော့ပျောင်း သက်သာရာ ရမယ့်သဘော ရှိနိုင်ကြောင်း သိရပါတယ်။

Omicronဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ အားလုံးမှာ ကူးစက်နှုန်း အမြန်ဆုံး အမျိုးအစားလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးထားပါတယ်။ ပြီးတော့ Omicronဟာ ကိုဗစ် ရောဂါ ဖြစ်ဖူးပြီးသား လူနာတွေ၊ ကာကွယ်ဆေး ထိုးထားသူတွေကိုပါ ကူးစက်နိုင်ကြောင်း အထောက်အထားတွေ တွေ့ထားပါတယ်။

ဒါပေမဲ့ တောင်အာဖရိကနဲ့ ဗြိတိန်မှာ Omicron ကူးစက်မှုတွေကို စောင့်ကြည့် လေ့လာခဲ့တဲ့နောက် ဒီဗိုင်းရပ်စ်ဟာ တခြား ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲတွေနဲ့ ယှဉ်ရင် ရောဂါလက္ခဏာ ပြင်းထန်တာမျိုး ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း ကနဦး တွေ့ရှိ သုံးသပ်ထားပါတယ်။ Omicron ကူးစက်မှုတွေကြောင့် ဆေးရုံ တက်ရတဲ့ထိ ရောဂါလက္ခဏာ ပြင်းထန်တဲ့ ကိုဗစ်လူနာ ဦးရေဟာ တခြားမျိုးကွဲတွေနဲ့ ယှဉ်လိုက်ရင် ၃၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းထိ လျော့ကျသွားပါတယ်။

အဓိပ္ပါယ်ကတော့ Omicronဟာ Sars-Cov-2 မျိုးကွဲ အားလုံးထဲမှာ ကူးစက်နှုန်း အမြန်ဆုံးပေမယ့် ရောဂါပြင်းထန်နိုင်ခြေ အနည်းဆုံး ကိုရိုနာဗိုင်းရပ်စ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို အခိုင်အမာ ယုံကြည်လက်ခံဖို့ ဆိုတာက စောလွန်းနေသေးပြီး လုံးဝ မပေါ့ဆသင့်ဘူးလို့ ဗြိတိန်က ဆရာဝန်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စကော့တလန်မှာ Omicron ကူးစက်မှုတွေနဲ့ ပတ်သက်လို့ လူနာတွေ ဆေးရုံတက်ရတဲ့ အခြေအနေတွေကို ပညာရှင်တွေက လေ့လာ ဆန်းစစ်ခဲ့ကြပါတယ်။ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားတုန်းက လူ ၄၇ ယောက်လောက် ဆေးရုံတက်ရတဲ့ အခြေအနေနဲ့ တန်းတူ အနေအထားမှာ Omicron ကူးစက်လူနာ ၁၅ ဦးသာ ဆေးရုံ တက်ခဲ့ရပါတယ်။ ဗြိတိန်မှာ Omicron ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး တစ်နေ့တည်းနဲ့ လူနာသစ် တစ်သိန်းကျော် တိုးလာတဲ့ အခြေအနေကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရပါတယ်။

စကော့တလန် ပြည်သူ့ကျန်းမာရေးဌာနရဲ့ ကိုဗစ်တိုက်ဖျက်ရေးဌာန ဒါရိုက်တာ ဒေါက်တာ ဂျင်မီ မီနာမင်က စိုးရိမ်စရာ ကိစ္စတွေထဲက သတင်းကောင်းလေး တစ်ခုတော့ စပြီး ကြားနေရပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ Omicron ကူးစက်နှုန်းက အရမ်းမြန်ပြီး လူနာတွေ အရမ်းများတဲ့အခါ ဆေးရုံတက်ရတဲ့ ဦးရေနဲ့ အသေအပျောက်ပါ များလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း ကိုဗစ်ရောဂါ ကူးစက်နှုန်း အရမ်းများလာတဲ့အခါ ကျန်းမာရေးစနစ် အားမကောင်းတဲ့ နိုင်ငံတွေ ဒုက္ခ တွေ့နိုင်တယ်လို့ သတိပေးထားဖူးပါတယ်။

လောလောဆယ်တော့ ဗြိတိန်အပြင် တောင်အာဖရိကမှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တွေကလည်း Omicronကြောင့် ရောဂါပြင်းထန်တဲ့ လူနာ အချိုးအစားဟာ တခြား မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်တွေနဲ့ ယှဉ်လိုက်ရင် ၇၀ ကနေ ၈၀ ရာခိုင်နှုန်းထိ လျော့နည်းသွားတယ်လို့ ညွှန်ပြနေပါတယ်။

ဒါဟာ နိုင်ငံနှစ်ခုတည်းက ကနဦး လေ့လာတွေရှိထားတဲ့ အချက်အလက်တွေသာ ဖြစ်တာကြောင့် ရာနှုန်းပြည့် မှန်ကန်တယ်လို့ မယူဆနိုင်သေးဘဲ မကြာခင်မှာ Omicronနဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သိပ္ပံနည်းကျ လေ့လာ တွေ့ရှိချက်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်း ဗြိတိန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ကူးစက်မြန် ဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ ကျားကောင်ရေ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ (dementia)ရဲ့ အစောပိုင်း လက္ခဏာတွေ စတင် ခံစားနေရတယ်လို့ ယူဆရကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။