Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဆိုက်ပရပ်စ်မှာ Deltaနဲ့ Omicronမျိုးစပ် ကိုရိုနာဗိုင်းရပ်စ် အသစ် တွေ့ရှိကြောင်း သတင်းထွက်နေ

Deltacronရဲ့ အန္တရာယ် ပေးနိုင်စွမ်းဟာ ဘယ်လောက်ထိ ကျယ်ပြန့် အားကောင်းလာမလဲ ဆိုတာကို ခန့်မှန်းဖို့တော့ စောလွန်းသေးတယ်လို့လည်း သူက ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ Deltacronနဲ့ ပတ်သက်လို့ စုံစမ်း လေ့လာနေဆဲဖြစ်ပြီး ဘာအတည်ပြုချက်မှ မပေးသေးပါဘူး။

ဆိုက်ပရပ်စ် နိုင်ငံမှာ Deltaနဲ့ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်တွေ ပေါင်းစပ်ထားတဲ့ မျိုးကွဲသစ် ဗိုင်းရပ်စ် ကူးစက်မှုတချို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အားလုံးထဲမှာ လူသိအများဆုံးဖြစ်တဲ့ နှစ်မျိုးရဲ့ မျိုးဗီဇ ဝိသေသ လက္ခဏာတွေက အဲဒီမျိုးစိတ်သစ်မှာ ရောနှောပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒီမျိုးကွဲသစ်ကို တရားဝင် နာမည် မပေးရသေးပေမယ့် ပြည်တွင်းက ဆေးသိပ္ပံ ပညာရှင်တွေကတော့ Deltacronလို့ ရည်ညွှန်း သုံးနှုန်းနေပါတယ်။

အဲဒီ မျိုးစပ် ဗိုင်းရပ်စ်အသစ်ဟာ Omicronနဲ့ Deltaတို့ရဲ့ ကြောက်စရာ အကောင်းဆုံး ဝိသေသတွေ ပိုင်ဆိုင်နေမှာကို ဆိုက်ပရပ်စ် သုတေသီတွေက စိုးရိမ်နေကြပါတယ်။ Deltaလို ရောဂါလက္ခဏာတွေ ပြင်းထန်ပြီး Omicronလိုမျိုး ကူးစက်နှုန်း အရမ်းမြန်မှာကို စိတ်ပူနေကြတာပါ။ ကနဦး အဆင့်အဖြစ် ဆိုက်ပရပ်စ်မှာ Deltacron ကူးစက်ပြီး ဆေးရုံရောက်လာသူ ၂၅ ဦး တွေ့ရှိထားပြီး ဆေးရုံ တက်ရတဲ့ထိ ရောဂါမပြင်းတဲ့ လူနာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် အခြေစိုက် Franciscan ကျန်းမာရေး သုတေသနဌာနရဲ့ ဒုတိယ ဥက္ကဋ္ဌ ခရစ္စတိုဖာ ဒိုဟာရင်းကတော့ လူတွေ အနေနဲ့ အရမ်းကြီး စိုးရိမ် စိတ်ပူဖို့တော့ မလိုသေးဘူးလို့ ပြောပါတယ်။ အဆိုးထဲက အကောင်းအနေနဲ့ လွန်ခဲ့တဲ့ ၃ လအတွင်း ကမ္ဘာတလွှားမှာ Omicronနဲ့ Delta ကူးစက်မှုတွေ အရမ်းများခဲ့တာကြောင့် ဒီဗိုင်းရပ်စ်တွေရဲ့ ဆက်စပ် မျိုးကွဲအတွက်လည်း လူအများစုမှာ ကိုယ်ခံအား Antibody ရှိနေလိမ့်မယ်လို့ ဒေါက်တာ ဒိုဟာရင်းက သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

Deltacronရဲ့ အန္တရာယ် ပေးနိုင်စွမ်းဟာ ဘယ်လောက်ထိ ကျယ်ပြန့် အားကောင်းလာမလဲ ဆိုတာကို ခန့်မှန်းဖို့တော့ စောလွန်းသေးတယ်လို့လည်း သူက ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ Deltacronနဲ့ ပတ်သက်လို့ စုံစမ်း လေ့လာနေဆဲဖြစ်ပြီး ဘာအတည်ပြုချက်မှ မပေးသေးပါဘူး။

WHOရဲ့ မော်လီကျူးဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ အဲရစ်တိုပဲလ်က Deltacronရဲ့ ဖြစ်တည်မှုကို လက်တွေ့ ယုံကြည်ဖို့ ခက်ခဲကြောင်း၊ ဓာတ်ခွဲခန်းထဲက စမ်းသပ်မှု ရလဒ်တစ်ခုတောင် ဖြစ်ချင် ဖြစ်နိုင်ကြောင်း Twitterမှာ မှတ်ချက်ပေး ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သုတေသန အချက်အလက်တွေက Omicron ဆင့်ပွား မျိုးကွဲသစ်တွေဟာ ကာကွယ်ဆေး ထိုးနှံနှုန်း အရမ်းမြင့်တဲ့ လူ့အဖွဲ့အစည်းမျိုး၊ BA.1နဲ့ BA.2 ကူးစက်မှုတွေကြောင့် ကိုယ်ခံအား ရရှိထားပြီးသား လူ့အဖွဲ့အစည်းမျိုးထဲမှာကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ကူးစက်နိုင်တယ်လို့ ညွှန်ပြနေကြောင်း သူက ဆိုပါတယ်။

နိုင်ငံတကာ

ပိုပြီး သတိထားရမယ့် အချက်က BA.2ဟာ လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကုထုံးတချို့ကိုပါ ကျော်လွှားနိုင်ခြေ ရှိနေခြင်းပါပဲ။ ဂျပန်မှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တွေအရ BA.2ဟာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တတ်တဲ့ Delta မျိုးကွဲထက်တောင် ပိုပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း...

ဗီဒီယို

ဒါဟာ လူနာတစ်ဦးက မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် နှစ်မျိုးစလုံး ကူးစက်ခံရပြီး မျိုးဗီဇ ပေါင်းစပ်သွားတာ ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားပေမယ့် ဗြိတိန်အပြင် တခြားနိုင်ငံတွေမှာပါ ဒီလို ကိစ္စမျိုးတွေ ရှိနေသေးသလား ဆိုတာတော့ သေချာ မသိရသေးပါဘူး။

ဗီဒီယို

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက Covid-19 တွေ့ရှိတဲ့ လူနာစာရင်းကို နေ့စဉ်ကြေညာပေးနေပေမယ့် အခုရက်ပိုင်း နေရာတော်တော်များများမှာ Covid- 19 လက္ခဏာနဲ့ ဆင်တူတဲ့ဖျားနာနေမှုတွေရှိနေကြာင့် ထုတ်ပြန်ချက်ထက်ပိုများနိုင်ပါတယ်။