Hi, what are you looking for?
"ပြည်သူတွေက ခုခံဖို့ကလွဲပြီးဘာမရှိတော့ဘူးဗျ။တချိန်လုံးလဲပြေးလွှားနေရတော့ သူတို့ (အကြမ်းဖက်စစ်တပ်)အမြစ်မပြတ်မချင်း အကောင်းနေရမှာမဟုတ်တာ။ အကြမ်းဖက်ခံရတာတွေကြောင့် အားလုံးနီးပါးကတော်လှန်ရေးကိုကိုယ်စွမ်းသလောက် ရရာစွဲကိုင်ပြီးခုခံကြတာပါ"ဟုကနီPDFတပ်ရင်း( ၂ ) မှတာဝန်ရှိသူကစစ်ကိုင်းတိုင်းမှ ပြည်သူများ၏ ခုခံကာကွယ်မှု အားကောင်းခြင်း၏ လျှိုဝှက်ချက်ကို ပြောပါသည်။
မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး ထောက်တိုင်ဖြစ်သော မြန်မာဘီယာများကို သိုလှောင်ဖြန့်ဖြူးရောင်းချနေသည့် ဂိုဒေါင်တစ်လုံးအား ဗုံးဖြင့်ဖောက်ခွဲ သတိပေးခဲ့ကြောင်း တလုပ် PDFက ထုတ်ပြန်သည်။ စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော မြန်မာဘီယာအား ဖြန့်ဖြူး ရောင်းချ ခြင်းမပြုရန် သတိပေးတားမြစ်ထားကြောင်း၊ အဆိုပါတားမြစ်ချက် အား လေးစားလိုက်နာမှု မရှိဘဲ...