စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ၊ ကျော်ကျေးရွာတွင် စစ်ကောင်စီတပ်သားနှစ်ဦးကို စနိုက်ပါဖြင့် ပစ်သတ်နိုင်ခဲ့ကြောင်း KLG PDF
က ထုတ်ပြန်သည်။
ယနေ့(မတ်လ ၂၄ရက်) ညနေ ၄နာရီခွဲခန့်တွင်ကျော်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု KLG PDF တာဝန်ရှိသူက ဆိုသည်။
“ကျော်ရွာမှာ စခနဲ့ ပျူတွေ တပ်စွဲထားတုန်းပဲ။ဒီညနေက ကျွန်တော်တို့ နယ်မြေ အခြေအနေ နဲ့ သတင်းတွေ ထောက်ပြီး ထပ်ဝင်ပစ်တာပါ”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့(မတ်လ ၂၃ ရက်)ကလည်း ကျော်ရွာ၌ တပ်စွဲထားသည် စစ်ကောင်စီတပ်ကို KLG PDF၊ ရွှေသမင်မုဆိုး PDF ၊ ရွှေတြိဂံPDF ကနီတပ်ရင်း(၂)နှင့် ဒေသခံမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement
ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးကာ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။
ထို့ကြောင့် ကျော်ရွာသို့ စစ်ကောင်စီတပ်က အင် အားဖြည့်တင်းမှုများပြုလုပ်နေပြီး လက်ရှိတွင် စစ်အုပ်စု၏ အင်အားမှာ ၁၀၀ဝန်းကျင်ရှိကြောင်းလည်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ထုတ်ပြန်ထားသည်။


















































