Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းနယ်တွင် စစ်​ကောင်စီတပ်သားနှစ်ဦးကို KLG PDFက စနိုက်ပါဖြင့် ပစ်သတ်

ယမန်နေ့(မတ်လ ၂၃ ရက်)ကလည်း ကျော်ရွာ၌ တပ်စွဲထားသည် စစ်ကောင်စီတပ်ကို KLG PDF၊ ရွှေသမင်မုဆိုး PDF ၊ ရွှေတြိဂံPDF ကနီတပ်ရင်း(၂)နှင့် ဒေသခံမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ၊ ကျော်​ကျေးရွာတွင် စစ်ကောင်စီတပ်သားနှစ်ဦးကို စနိုက်ပါဖြင့် ပစ်သတ်နိုင်ခဲ့ကြောင်း KLG PDF
က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၄ရက်) ညနေ ၄နာရီခွဲခန့်တွင်ကျော်​ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု KLG PDF တာဝန်ရှိသူက ဆိုသည်။

“ကျော်ရွာမှာ စခနဲ့ ပျူတွေ တပ်စွဲထားတုန်းပဲ။ဒီညနေက ကျွန်တော်တို့ နယ်မြေ အခြေအနေ နဲ့ သတင်းတွေ ထောက်ပြီး ထပ်ဝင်ပစ်တာပါ”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(မတ်လ ၂၃ ရက်)ကလည်း ကျော်ရွာ၌ တပ်စွဲထားသည် စစ်ကောင်စီတပ်ကို KLG PDF၊ ရွှေသမင်မုဆိုး PDF ၊ ရွှေတြိဂံPDF ကနီတပ်ရင်း(၂)နှင့် ဒေသခံမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးကာ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။

ထို့ကြောင့် ကျော်ရွာသို့ စစ်ကောင်စီတပ်က အင် အားဖြည့်တင်းမှုများပြုလုပ်နေပြီး လက်ရှိတွင် စစ်အုပ်စု၏ အင်အားမှာ ၁၀၀ဝန်းကျင်ရှိကြောင်းလည်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။