Connect with us

Hi, what are you looking for?

News

ဟန်လင်းပျူမြို့​ဟောင်း အ​မွေအနှစ်ဇုန်အတွင်း ​ရှေး​ဟောင်းပစ္စည်းများ တူး​ဖော်ခြင်းမပြုရန်နှင့် ​​တွေ့ရှိပါက အ​ရေးယူမည်ဟု ဝက်လက်PDFတပ်ရင်း(၂) သတိ​ပေး

ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝက်လက်နယ်အရှေ့ပိုင်း၊ အနောက်ပိုင်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဟံလင်းပျူမြို့ဟောင်း၊ ဟံလင်းရှေးဟောင်းယဥ်ကျေးမှုအ​မွေအနှစ်ဇုန်အတွင်း ရှေးဟောင်းပစ္စည်းများ တူးဖော်ရှာဖွေခြင်းမပြုရန်နှင့် တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)က အသိပေးကြေညာသည်။

ဟံလင်းပျူမြို့ဟောင်း၊ ဟံလင်းရှေးဟောင်းယဥ်ကျေးမှုဇုန်အတွင်း ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းရန် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်ဝန်ရှိကြောင်း၊ ထို့ကြောင့် ရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းပစ္စည်းများကို တူးဖော်ရှာဖွေခြင်းမပြုလုပ်ကြရန်နှင့် ပြုလုပ်သည်ကို တွေ့ရှိရပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)က ယနေ့(မတ်လ ၂၆ ရက်) အသိပေးသည်။

“ယခင် ​သင်္ချိုင်းနယ်မြေတွေကနေ ရှေးခက်လူအလောင်းနေရာတွေကို တူး‌ပြီး လက်ဝက်ရတနာတွေ တူးဖော်တာ ရှိတယ်။ နောက်ပြီး ရှေးဟောင်းနယ်မြေတွေမှာ ရွှေရှာစက်တွေရှာပြီး လိုက်တူးတာတွေ တွေ့နေရလို့။အခုလောလောဆယ် နည်းနည်းပါးပါးပဲ တူးဖော်တာတွေ ရှိနေသေးပေမဲ့ နောက်ပိုင်း များလာရင် ရှေးဟောင်းအမွေအနှစ်တွေ ဆုံးရှုံးသွားနိုင်လို့ ကျွန်တော်တို့အနေနဲ့ သတိပေးတာပါ။”ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)မှ တာဝန်ရှိသူက ပြောသည်။

ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝက်လက်နယ်အရှေ့ပိုင်း၊ အနောက်ပိုင်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ်အရှေ့မြောက်ဘက်ကို အာဏာသိမ်းစစ်တပ်ကအောက်တိုဘာလ ၄ ရက်မှာလေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ဒီကနေ့ (အောက်တိုဘာ ၂) လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

Facebook