Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟန်လင်းပျူမြို့​ဟောင်း အ​မွေအနှစ်ဇုန်အတွင်း ​ရှေး​ဟောင်းပစ္စည်းများ တူး​ဖော်ခြင်းမပြုရန်နှင့် ​​တွေ့ရှိပါက အ​ရေးယူမည်ဟု ဝက်လက်PDFတပ်ရင်း(၂) သတိ​ပေး

ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝက်လက်နယ်အရှေ့ပိုင်း၊ အနောက်ပိုင်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဟံလင်းပျူမြို့ဟောင်း၊ ဟံလင်းရှေးဟောင်းယဥ်ကျေးမှုအ​မွေအနှစ်ဇုန်အတွင်း ရှေးဟောင်းပစ္စည်းများ တူးဖော်ရှာဖွေခြင်းမပြုရန်နှင့် တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)က အသိပေးကြေညာသည်။

ဟံလင်းပျူမြို့ဟောင်း၊ ဟံလင်းရှေးဟောင်းယဥ်ကျေးမှုဇုန်အတွင်း ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းရန် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်ဝန်ရှိကြောင်း၊ ထို့ကြောင့် ရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းပစ္စည်းများကို တူးဖော်ရှာဖွေခြင်းမပြုလုပ်ကြရန်နှင့် ပြုလုပ်သည်ကို တွေ့ရှိရပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)က ယနေ့(မတ်လ ၂၆ ရက်) အသိပေးသည်။

“ယခင် ​သင်္ချိုင်းနယ်မြေတွေကနေ ရှေးခက်လူအလောင်းနေရာတွေကို တူး‌ပြီး လက်ဝက်ရတနာတွေ တူးဖော်တာ ရှိတယ်။ နောက်ပြီး ရှေးဟောင်းနယ်မြေတွေမှာ ရွှေရှာစက်တွေရှာပြီး လိုက်တူးတာတွေ တွေ့နေရလို့။အခုလောလောဆယ် နည်းနည်းပါးပါးပဲ တူးဖော်တာတွေ ရှိနေသေးပေမဲ့ နောက်ပိုင်း များလာရင် ရှေးဟောင်းအမွေအနှစ်တွေ ဆုံးရှုံးသွားနိုင်လို့ ကျွန်တော်တို့အနေနဲ့ သတိပေးတာပါ။”ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)မှ တာဝန်ရှိသူက ပြောသည်။

ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝက်လက်နယ်အရှေ့ပိုင်း၊ အနောက်ပိုင်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။