Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်တွင်း -ကလေးဝ ကားလမ်းပိုင်း ယာယီပိတ်ပင်

လမ်းပိုင်းယာယီပိတ်ပင်ခြင်းကို မလိုက်နာသည့် ခရီးသွားယာဥ်များနှင့် မည်သည့်ကားများကို မဆိုမှားယွင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်း -ကလေးဝ ကားလမ်းပိုင်းကို ယာယီပိတ်ပင် ကြောင်း TDPDF(MinGin)က ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

တောင်တွင်းဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်း တပ်များအကြားထိတွေ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဆက်လက်၍ နေရာမရွေး တိုက်ပွဲများ ဖြစ်နိုင်သည့်အတွက် လမ်းပိုင်းကို ပိတ်ပင်ရခြင်းဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲများအတွင်းပြည်သူများ ထိခိုက်နစ်နာမည်ကို စိုးရိမ်သဖြင့် ကြိုတင်သတိပေး ခြင်းဖြစ်ကြောင်းလည်း TDPDF (MinGin) က အသိပေးသည်။

လမ်းပိုင်းယာယီပိတ်ပင်ခြင်းကို မလိုက်နာသည့် ခရီးသွားယာဥ်များနှင့် မည်သည့်ကားများကို မဆိုမှားယွင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် တောင်တွင်းဒေသကျော်ရွာတွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ကျော်ဖြင့် တပ်စွဲထားပြီး နီးစပ်ရာကျေးရွာများနှင့် စစ်ရှောင်နေရာများကို ယခုရက်ပိုင်း၌ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ထားသည်။

မတ်လ ၂၃ရက်တွင်လည်း ကျော်ကျေးရွာရှိ စစ်ကောင်စီတပ်ကို TDPDF (MinGin) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။