Connect with us

Hi, what are you looking for?

News

တောင်တွင်း -ကလေးဝ ကားလမ်းပိုင်း ယာယီပိတ်ပင်

လမ်းပိုင်းယာယီပိတ်ပင်ခြင်းကို မလိုက်နာသည့် ခရီးသွားယာဥ်များနှင့် မည်သည့်ကားများကို မဆိုမှားယွင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်း -ကလေးဝ ကားလမ်းပိုင်းကို ယာယီပိတ်ပင် ကြောင်း TDPDF(MinGin)က ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

တောင်တွင်းဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်း တပ်များအကြားထိတွေ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဆက်လက်၍ နေရာမရွေး တိုက်ပွဲများ ဖြစ်နိုင်သည့်အတွက် လမ်းပိုင်းကို ပိတ်ပင်ရခြင်းဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲများအတွင်းပြည်သူများ ထိခိုက်နစ်နာမည်ကို စိုးရိမ်သဖြင့် ကြိုတင်သတိပေး ခြင်းဖြစ်ကြောင်းလည်း TDPDF (MinGin) က အသိပေးသည်။

လမ်းပိုင်းယာယီပိတ်ပင်ခြင်းကို မလိုက်နာသည့် ခရီးသွားယာဥ်များနှင့် မည်သည့်ကားများကို မဆိုမှားယွင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် တောင်တွင်းဒေသကျော်ရွာတွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ကျော်ဖြင့် တပ်စွဲထားပြီး နီးစပ်ရာကျေးရွာများနှင့် စစ်ရှောင်နေရာများကို ယခုရက်ပိုင်း၌ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ထားသည်။

မတ်လ ၂၃ရက်တွင်လည်း ကျော်ကျေးရွာရှိ စစ်ကောင်စီတပ်ကို TDPDF (MinGin) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။