News ကောလင်းတွင် ကင်းလှည့်နေသောစစ်ကောင်စီတပ်ကို PDF တိုက်ခိုက်၊ စစ်ကောင်စီတပ် ၂ ဦးဒဏ်ရာရ "ကောလင်းမြို့ပြည်သူ့ပန်းခြံအနောက် တောင်ထောင့်တွင်မိုင်းနစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ four wheelတစ်စီးခဲရောင် ကိုထိခိုက်ခဲ့ပြီးခွေးနှစ်ကောင်ဒဏ်ရာပြင်းထန်ရကြောင်း သိရပါတယ်" ဟု The Secret Warrior Kawlin က သတင်းထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 24, 2022
News ဖားကန့် ကာမိုင်း စစ်ကောင်စီဂိတ်ကို KIAနှင့် PDF တိုက်ခိုက် “ကာမိုင်းဂိတ်မှာဖြစ်တာ။ မနက် ၆နာရီခွဲကနေ စတာ။ KIAနဲ့PDFက သွားပစ်တာပေါ့။ အထိအခိုက်တွေတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 24, 2022
News ကရင်နီပြည်နယ်အတွက်အလွန်အရေးကြီးသောကာလကို ရောက်နေပြီဟု လွိုင်ကော်(PDF) သတိပေးထုတ်ပြန် ဝီသဲကူးကျေးရွာတစ်ဝိုက်တွင် နံနက်မှစတင်ကာ ညအချိန်ထိ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး ၊ သံချပ်ကာကား ၊ ဒုန်းပစ်ကားနှင့် လေယာဉ်ဗုံးကြဲ ခြင်းစသည်တို့ကို ယခင်ကနှင့်မတူပဲ အလွန်အကျွံ တစ်နေကုန်ပစ်ခတ်အသုံးပြုကာ တိုက်ခိုက်နေသည်။ LuduNwayOoဖေဖော်ဝါရီ 24, 2022
News ပေါက်မြို့နယ်၊ ရေပြာရဲစခန်းကို PDFများတိုက်ခိုက် စခန်းမှူးအပါအဝင် ငါးဦးသေဆုံး ဇန်နဝါရီ ၂၉ ရက်ကလည်း မြိုင်မြို့နယ်ရှိ လင်းကတောနယ်မြေရဲစခန်းကို မြိုင်မြို့နယ် PDF၊ဆားလင်းကြီး PDFနှင့် ရေစကြိုမြို့နယ် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းနိုင်ခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 23, 2022
News မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ် ၅၀ ထက်မနည်းသေ၊ မိုးဗြဲPDFတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် (၉)ဦး ကျဆုံးခဲ့ပြီး (၁၂)ဦး ထိခိုက်ဒဏ် ရာ ရရှိခဲ့ကာ ကျဆုံးခဲ့သည့် ရဲဘော်များ၏ စျာပန ပွဲကို ဖေဖော်ဝါရီ (၂၀)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု ဓါတ်ပုံများနှင့်တစ်ကွထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 23, 2022
News ချောင်းဦးတိုက်ပွဲတွင် PDFတပ်ဖွဲ့ဝင် သုံးဦးကျဆုံး ချောင်းဦးမြို့နယ်ကံကြီးကုန်းရွာ၏ အရှေ့ဘက်တွင် ယနေ့နံနက် ၁ဝနာရီခန့်မှစတင်ကာ စစ်တပ်နှင့်PDF တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်ကြားတွင် စစ်တပ်အင်အားရာချီရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 23, 2022
News ချောင်းဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းငါးခုအားဖြတ်သန်းခွင့်ယာယီပိတ်ထားကြောင်း ချောင်းဦး PDFကြေညာ ယမန်နေ့ညပိုင်းက ချောင်းဦး-ဆင်ဖြူရှင်လမ်းတွင်ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ပြီး ယနေ့နံနက်ပိုင်းကချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ၏အရှေ့ဘက် အနီးနားဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများဆက်တိုက်ပေါ်ထွက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 23, 2022
News အကြမ်းဖက်စစ်ကောင်စီတပ်သားများက PDFဝတ်စုံများဝတ်၍ လှုပ်ရှားနေဟု မြင်းမူ PDFသတိပေး စစ်ကိုင်းတိုင်း မုံရွာနှင့် ချင်းတွင်းအထက်ပိုင်းဒေသများနှင့် မကွေးတိုင်းသို့သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်သို့ ဖြတ်သန်းသွားရလေ့ရှိပြီး မကြာခဏလည်း တိုက်ခိုက်ခံနေရသည်။ LuduNwayOoဖေဖော်ဝါရီ 23, 2022
News နှစ်ခြောက်လုံးနေ့တွင် တပ်မ(၆၆)မှ တပ်ကြပ်တစ်ဦးကို ပေါင်တည် PDF ပစ်သတ် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF တပ်ဖွဲ့ကို ၂၀၂၁ ဧပြီ ၁၅ ရက်မှစတင်တွင်ဖွဲ့စည်းထားကြောင်း PPDFက ၂၀၂၁ ဇွန်လတွင် ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 23, 2022
News ကနီတွင် စစ်ကောင်စီတပ်ကို ဒေသခံPDFများ တိုက်ခိုက် စစ်သား ၂၀ ဝန်းကျင်သေဟု KLG PDFထုတ်ပြန် KLG PDFနှင့် ကနီမြို့နယ် မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော်သုံးယောက် ကျည်ထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်းလည်းပါရှိသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ သေဆုံးသူနှင့် ဒဏ်ရာရသူများကို ပြည်သူပိုင်လှေများဖြင့် ကနီမြို့သို့သယ်ဆောင်သွားကြောင်း KLG PDFက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 22, 2022