Connect with us

Hi, what are you looking for?

News

ပိန်းကန်ရဲစခန်းတိုက်ခိုက်ခံရမှု စစ်​ကောင်စီတပ်သား ၂၀ခန့်​သေဟု ခရမ်းPDF ​ပြော

“စုစုပေါင်းတော့ ရခ ၊စခ ၂၀ လောက်ကျမယ် ထိခိုက်မှုလည်းများမယ်” အထက်ပါစစ်ဆင်ရေးများနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

(ခရမ်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ​ဖေ​ဖော်ဝါရီက စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား ဖြိုခွင်ရန်ပြင်ဆင်​နေ​သော စစ်​ကောင်စီတပ်သားများကို ​တွေ့ရစဥ်)

ခရမ်းမြို့နယ် ပိန်းကန်ရဲစခန်းတိုက်ခိုက်မှုနှင့် ယင်းနေရာသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီကားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ခန့်​သေဆုံးကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယ​နေ့(ဖေဖော်ဝါရီ ၂၈ ရက်) ပိန်းကန်ရဲစခန်းကို M79 ဗုံး‌လောင်ချာဖြင့် တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအနည်းဆုံးသေဆုံးသည်ဟု ၎င်းက ပြောသည်။

ထို့​နောက် ယင်းနေရာသို့ ခရမ်းမြို့မှစစ်ကူလာရောက်သည့် အကြမ်းဖက်စစ်ကောင်စီကားလေးစီးကို တမံကြီးကျေးရွာအနီး အဝေးထိန်းဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ကားများကို တည့်တည့်ထိသောကြောင့် ကားများပျက်စီးသလို အကြမ်းဖက်စစ်ကောင်စီဝင်များလည်း ထိခိုက်မှုများခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

ထို့အပြင် သုံးခွမြို့မှစစ်ကူလာရောက်သည့် အကြမ်းဖက်စစ်ကောင်စီကားများကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများသည်ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

Public Service Announcement

Public Service Announcement

“စုစုပေါင်းတော့ ရခ ၊စခ ၂၀ လောက်ကျမယ် ထိခိုက်မှုလည်းများမယ်” အထက်ပါစစ်ဆင်ရေးများနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

ထို့အပြင် တမံကြီးကျေးရွာတွင် ယနေ့ညနေ ၃ နာရီခွဲက အကြမ်းဖက်စစ်ကောင်စီတပ်သားများ အင်အားအပြည့်တင်ဆောင်လာသော စစ်ကားလေးစီး မိုင်းခွဲခံလိုက်ရပြီး မြေပြင်တွင် သေဆုံးသွားသူများအနက် ရဲတပ်သား ဝေယံ ပါဝင်​ကြောင်း ၎င်း၏ ဇနီးဖြစ်သူ မစုကလျာ၀င်းက ဖေ့စ်ဘွတ်ခ်အကောင့်တွင် ​ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီကို မိုင်းခွဲသည့်စစ်ဆင်ရေးများကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Thongwa Youth Force တို့ပူးပေါင်း၍ Fire Dragon စစ်ဆင်ရေးအနေဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဖေဖော်ဝါရီအတွင်း အကြမ်းဖက်စစ်ကောင်စီကို ၇ ကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်၌ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။