Connect with us

Hi, what are you looking for?

News

ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်သူများ ပစ္စည်းသိမ်း၍ အပြီးပြောင်းရွှေ့ရန် PDF သတိပေး

သစ်ဝါးများခိုးထုတ်နေသည့် လုပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီ ၂၇(ယနေ့)မှ မတ်လ ၆ရက်အတွင်း လုပ်ငန်းသုံးပစ္စည်းများ ယာဥ်များ၊လူများအားလုံး အပြီးပြောင်းရွှေ့ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပဲခူးရိုးမတွင်း သစ်ခိုးထုတ်နေသူများအနေဖြင့် ပစ္စည်းများသိမ်းကာ သတ်မှတ်ရက်အတွင်း အပြီးပြောင့်ရွှေ့ကြရန် တောင်ငူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘုရင်းတောင်တပ်ရင်းက သတိပေးချက် ထုတ်ပြန်လိုက်သည်။

သစ်ဝါးများခိုးထုတ်နေသည့် လုပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီ ၂၇(ယနေ့)မှ မတ်လ ၆ရက်အတွင်း လုပ်ငန်းသုံးပစ္စည်းများ ယာဥ်များ၊လူများအားလုံး အပြီးပြောင်းရွှေ့ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီအား ထောက်ပံ့ဆပ်ကြေးပေး၍နိုင်ငံတော်သယံဇာတများအား စည်းကမ်းမဲ့စွာခိုးထုတ်၍ကိုယ်ကျိုးစီးပွားအတွက်အသုံးချနေမှူများအား လုံးဝ(လုံးဝ) ပိတ်ပင်တားဆီးနိုင်ရေးအတွက်ရည်ရွယ်၍ ဤသတိပေးမှုအားထုတ်ပြန်လိုက်သည်”ဟု ဘုရင့်နောင်တပ်ရင်း၊ တပ်ရင်းအမှတ်(၃၀၅၁)က ထုတ်ပြန်သည်။

ကိုယ်ကျိုးရှာ၍ သစ်ဝါးများ စည်းကမ်းမဲ့စွာခိုးထုတ်နေသောလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ပေးခြင်းတို့ကို လုပ်ဆောင်နေပြီး ဤသတိပေးချက်အမိန့်အား မလိုက်နာပါက နောက်ဆက်တွဲအကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။