Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်က PDF ရဲဘော်တစ်ဦးစျာပနတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

အဆိုပါ စျာပန အခမ်းအနားသို့ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ပြီး ရဲဘော်ချဲလေး၏ အုတ်ဂူ၌ နှင်းဆီပန်းများခြကာ ဂုဏ်ပြုခဲ့ကြသည်။

ဓာတ်ပုံ - ပြည့်အောင်နိုင်(ကနီ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၆) နေ့လယပိုင်းက အင်းပေါင်းတိုက်ပွဲ၌ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့သည့် ပြည်သူ့ရဲဘော် ချဲလေး၏ စျာပနအခမ်းအနားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စျာပန အခမ်းအနားသို့ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ပြီး ရဲဘော်ချဲလေး၏ အုတ်ဂူ၌ နှင်းဆီပန်းများခြကာ ဂုဏ်ပြုခဲ့ကြသည်။

ထို့အပြင် ပြည်သူများသည် “စစ်အာဏာရှင်စနစ် အလိုမရှိ ၊ ကနီနယ်သားတွေ ညီသလားဟေ့ ၊ အရေးတော်ပုံအောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ကြသည်။

ယင်းသပိတ်စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDFများက ဆန္ဒပြပြည်သူများ၏ လုံခြုံရေးအတွက် ဝန်းရံအားဖြည့်ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကျဆုံးရဲ​ဘော်​တွေရဲ့မိသားစု​တွေကိုလည်းဂုဏ်ပြုချီးမြှင့်​ငွေ​​ပေးအပ်

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။